နာမည်ကျော် ထိုင်း BL ဒရာမာတွေ စီးရီးတွေကိုထုတ်လွှင့်ခဲ့တဲ့ Idol Factory TH ထုတ်လုပ်ရေးကနေနောက်ထပ် အဆင်ကားသစ်လေး ထပ်မံထုတ်လွှင့်ပေးလိုက်ပြန်ပါပြီ။Cast တွေအနေနဲ့ Billy Patchanon နဲ့ Babe Tanatat တို့ကအဓိကပါဝင်ထားပြီးတခြားမင်းသားတွေအများကြီးပါဦးမှာမို့ ဇာတ်လမ်းမချောမှာတော့ ပူစရာမလိုပါဘူး။Author I-Rain-Yia ရဲ့လက်ရာဖြစ်တဲ့ “The Sign” ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ကားလေးလည်းဖြစ်ပါတယ်။လက်ရှိ “အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့” မှာ ရာဇဝတ်မှုတိုက်ဖျက်ရေးတပ်သားတွေအဖြစ်တာဝန်ထမ်းဆောင်နေကြတဲ့ Phaya နဲ့ Tharn တို့က လူဝင်စားတွေဆိုလည်းမမှားပါဘူး။အဲဒါအပြင် နှစ်ယောက်ထဲကတစ်ယောက်က အနာဂတ်ဖြစ်ရပ်တွေကိုကြိုမြင်နိုင်တဲ့စွမ်းရည်ရှိနေတဲ့အခါ ..။သူတို့နှစ်ယောက်ရဲ့အရင်ဘဝကပတ်သက်မှုကဘာဖြစ်မလဲ ..အခုဘဝမှာရော ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားအဆင်ငမ်းနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။