Kiss me again နဲ့ Dark Blue Kissထဲက Tay- New coupleရဲ့ လေးနှစ်အကြာမှာပေါ်တော်မူလာတဲ့ comebackစီးရီး Cherry Magicလေးထွက်ရှိလို့လာပါပြီ။နာမည်ကြီး BL Mangaကို အခြေခံရိုက်ကူးထားတဲ့အပြင် Japan စီးရီးထွက်ရှိခဲ့တုန်းကလည်းဝက်ဝက်ကွဲအောင်မြင်ခဲ့တာဆိုတော့ Thai remake လေးလည်း ဘယ်လိုလာမလဲ ရှုစားရအောင်ပါ။အာချီက အသက် ၃၀ ပြည့်ဖို့ တစ်ရက်ပဲလိုတော့ပေမဲ့ တခြားအသက် ၃၀ တွေနဲ့ယှဉ်ရင် အရာရာနောက်ကောက်ကျနေတဲ့ နမော်နမဲ့နိုင်တဲ့ကောင်လေးပေါ့။လူတော်တော်များများက အသက် ၃၀ အရွယ်ဆို အလုပ်မှာ ရာထူးအဆင့်တစ်ခုရောက်ပြီးအခြေတကျဖြစ်နေကြပေမဲ့ အာချီအတွက်တော့ ဒါတွေဟာအိပ်မက်အလားပါပဲ။အဆိုးဆုံးကတော့ အချစ်ဆိုတဲ့ပန်းလေး စတင်ပွင့်ဖူးမယ့်အချိန်မှာ ရိုက်ချိုးခံလိုက်ရတာကြောင့်အချစ်ကိုရွံ့ကြောက်နေတဲ့သူလေးဟာ ၃၀ သာရောက်လာပေမဲ့ ရေမရောတဲ့လူပျိုစစ်စစ်လေးဖြစ်နေပါသတဲ့။ဒီလိုနဲ့ အသက် ၃၀ ပြည့်တဲ့မနက်မှာ Cherry Magic ဆိုတဲ့ mangaထဲကလို လူတွေရဲ့စိတ်ကိုဖတ်နိုင်တဲ့အစွမ်းကိုရသွားတဲ့အာချီတစ်ယောက်သူတို့အလုပ်က ကိုပြည့်စုံလွန်းကြီးက သူ့ကိုကြိတ်ကြွေနေမှန်းသိသွားတဲ့အခါမှာတော့ ဘယ်လိုတွေရှေ့ဆက်မလဲဆိုတာ ရှုစားကြပါဦး။