ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဘတ်သ်ရဲ့အမျိုးသား တွန်က ကျေးလက်ဒေသက ဆရာဝန်တစ်ဦးပါ။တွန်ရဲ့ ဆေးခန်းအကူ ကေတီ သေဆုံးရာကနေဇာတ်လမ်းအစပြုပါတယ်။တစ်နေ့ ဘတ်သ်နဲ့ တွန်တို့ ဧည့်သည်တွေနဲ့အတူ မွေးနေ့ကျင်းပနေတုန်းရဲတပ်ဖွဲ့က ရောက်လာပြီးတော့ တွန်ကို လူသတ်မှုသံသယတရားခံအဖြစ် ဖမ်းသွားခဲ့တယ်။အခြေအနေတွေကလည်း ဖရိုဖရဲဖြစ်ပြီး ဧည့်သည်တွေရှေ့မှာမျက်နှာပျက်စရာတွေ ဖြစ်ကုန်ပါတယ်။ဘတ်သ်ဟာ အတင်းအဖျင်းတွေကို ရင်ဆိုင်ရင်း ယောက်ျားဖြစ်သူအပြစ်ကင်းကြောင်း သက်သေပြဖို့ တွန်ရဲ့ ပစ္စည်းတွေကို ရှာဖွေခဲ့တယ်။မမျှော်လင့်ထားဘဲ တွန်က ကေတီအပါအဝင် တခြားအမျိုးသမီးတွေနဲ့ဖောက်ပြန်နေတာကို ဘတ်သ်တစ်ယောက် သိလိုက်ရပါတယ်။ဒီကစလို့ ဇာတ်လမ်းဟာ ပိုမိုရှုပ်ထွေးလာပြီးတော့ ဘတ်သ်နဲ့ တွန်ရဲ့မရိုးရှင်းတဲ့ အတိတ်အကြောင်းတွေပါ ပါလာမှာပါ။ရဲတွေကရော လူသတ်မှုကို ဘယ်လိုဖော်ထုတ်မလဲ၊ လူသတ်တရားခံအစစ်ကဘယ်သူလဲ၊ တခြားကွင်းဆက် လူသတ်မှုတွေနဲ့ဘယ်လိုချိတ်သွားမလဲ၊ ဘတ်သ်နဲ့ တွန်ရဲ့ ဆက်ဆံရေးကရောဘယ်လိုဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ပါ။ဇာတ်လမ်းအစအဆုံး လူသတ်သမားက ဘယ်သူလဲဆိုတာကိုplot twist ပေါင်းများစွာနဲ့ ရင်ခုန်စွာ ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်တာမလို့ ကြည့်ဖြစ်အောင်ကြည့်သင့်ကြောင်းrecommend ပေးလိုက်ပါတယ်။