ခြံရှင်သူဌေးကြီး အလက်ဟန်ဒရို ဒယ်လာဗယ်ဂို လုပ်ကြံခံရတဲ့ညမှာပဲ ဇောရိုးလည်း သေဆုံးသွားခဲ့ပါတယ်။ တရားဝင်သတင်းအရတော့ ဇောရိုးဟာ အလက်ဟန်ဒရိုကိုလုပ်ကြံပြီး ထွက်ပြေးသွားခဲ့တာပါ။ လုပ်ကြံခံရတဲ့ အလက်ဟန်ဒရိုရဲ့သားဒီရယ်ဂိုက စပိန်ကနေ ကယ်လီဖိုးနီးယားကိုပြန်လာပြီး သူ့အဖေ သေရတဲ့အကြောင်းရင်းကို စုံစမ်းရင်းနဲ့ ဇောရိုးနေရာကို ဆက်ခံလိုက်ရပါတယ်။ ဇောရိုးအသစ်စက်စက်အနေနဲ့ သူ့အဖေအတွက်လက်စားချေနိုင်မလား၊ နောက်ကွယ်က တရားခံတွေကိုဖော်ထုတ်နိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါပဲ