ကလဲ့စားချေလိုတဲ့ အငြိုးအတေးတွေနဲ့ ပြည့်နက်နေတဲ့ ဆီယာဖတ် နဲ့မဟုတ်မခံ တရားဥပဒေတိုင်း လုပ်ဆောင်တတ်တဲ့ ရဲအုပ်ကရထင်း တို့ရဲ့ ရန်သူကို နှိမ်နင်းမယ့် အက်ရှင်ဇာတ်လမ်းလေးပါဖတ်ငယ်ငယ်တုန်းက ဂိုဏ်းစတားအဖွဲ့၀င်တစ်ယောက်ဖြစ်တဲ့ ဟန်ဆိုတဲ့သူက ရွာသားတွေကို ဓါးပြတိုက်ပြီး လိုက်ဒုက္ခပေးခဲ့ပါတယ်ဟန်က မှော်အစွမ်းတွေလည်း တတ်မြောက်ထားတဲ့သူပါတစ်နေ့ မမျှော်လင့်ဘဲ ဖတ်ရဲ့အမေ အသတ်ခံလိုက်ရပါတယ်ဖတ်က အဲဒီမြင်ကွင်းကို မြင်ခဲ့ရပြီး ဟန်ဆိုတဲ့လူကို လက်စားချေဖို့ အငြိုးတေးထားပါတယ်ဒါကြောင့် ဖတ်တစ်ယောက် ဟန်ကို တိုက်ခိုက်နိုင်ဖို့ ကိုယ်ခံပညာတွေနဲ့မှော်အစွမ်းတွေကို လေ့ကျင့်ခဲ့ပါတယ်ဖတ် အရွယ်ရောက်လာတော့ ဟန်ကို ချေမှုန်းဖို့ သူနဲ့အစွမ်းတူတဲ့ နောက်တစ်ယောက်နဲ့ ပူးပေါင်းမှ နိုင်နိုင်ချေရှိမှာပါအဲ့တစ်ယောက်ကတော့ ရဲအုပ်ကရထင်းပါဆိုတော့ တစ်ယောက်က ဆီယာ တစ်ယောက်ကရဲ ဖြစ်နေတဲ့ ဖတ်နဲ့ကရထင်းတို့ ပူပေါင်းနိုင်ပါ့မလားဟန်ကိုရော ချေမှုန်းနိုင်ပါ့မလားဆိုတာ စောင့်ကြည့်လိုက်ပါ