ကိုယ့်ရှေ့က ဓနကိုမျက်ဝယ်မြင်တွေ့ရတဲ့အခါ ကိုယ့်ဥစ္စာမထိုက်လည်းလောဘနောက်လိုက်မိကြတဲ့ ပုထုစဉ်များရဲ့အတ္တကို မြင်တွေ့ရမယ့်ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်နော်။မွေခံထိုက်သူမဟုတ်လည်း ငါ့ပိုင်ပစ္စည်းရအောင်ယူပစ်မယ်ဆိုတဲ့ အတ္တများနဲ့ ဟိုတယ်တစ်ခုက လူတစ်စု…။အဲ့ဒီဟိုတယ်ထဲက အခန်းတစ်ခန်းမှာ လာတည်းကြတဲ့သူတွေဟာ ထူးဆန်းစွာပျောက်ဆုံးသွားလေ့ရှိကြတယ်။ ဟိုတယ်ရဲ့အခန်းနံပါတ်ကတော့ 911 တဲ့…။ဒါဆို လာတည်းကြတဲ့ ဧည့်သည်တွေ ဘယ်ရောက်ကုန်ကြတာလဲ…။မြေလျှိုးသွားတာလား မိုးပျံသွားတာလား…။ဟိုတယ်က ခြောက်တာလား…။ဒါမှမဟုတ် တစ်ယောက်ယောက်က အကြောင်းတစ်ခုခုကြောင့်ကြိုးကိုင်ခြယ်လှယ်နေတာလားဆိုတာကိုတော့….။