၁၉၈၀ ခုနှစ်ဝန်းကျင် ဩစတေးလျနိုင်ငံ ဘရစ်စဘိန်းမြို့က ‘ဒါရာ’ဆိုတဲ့ဆင်ခြေဖုံး ရပ်ကွက်လေး တစ်ခုမှာ အယ်လိုင်းဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ ဖခင်က ငယ်စဉ်ကတည်းက အနားမှာ မရှိဘူး။သူ့မှာ စကားမပြောတဲ့ အစ်ကိုတစ်ယောက်ရှိတယ်၊ မိခင်ဖြစ်သူကဆေးမှုနဲ့ ထောင်ကျနေပြီးတော့ ပထွေးလုပ်သူကမူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ တစ်ယောက်။ဒီလို ပတ်ဝန်းကျင်မှာ ရှင်သန်နေရတဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်က လမ်းမှန်ကိုရောက်ဖို့ ကြိုးစားရုန်းကန်ရင်း ဘဝ အခက်အခဲကံကြမ္မာ အနိမ့်အမြင့်မျိုးစုံ ကြုံတွေ့ရတာတွေကို ရိုက်ကူးတင်ဆက်ထားတာပါ။စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ၊ ညီအစ်ကို သွေးသားရင်း သံယောဇဉ်တွေနဲ့ သာမန်သမားရိုးကျ မဟုတ်တဲ့ သူငယ်ချင်းမိတ်ဆွေ ဖြစ်တည်မှု အကြောင်းတွေကိုကြည့်ရှု ခံစားရမှာ ဖြစ်ပါတယ်။