Doctor Slump 닥터 슬럼프 FHD

Doctor Slump 닥터 슬럼프

Comedy Drama FHD 2024-01-27 9

The Heirs ထွက်ပြီး ၁၀ နှစ်အကြာမှာ main lead တွေအဖြစ်အတူ ပြန်လည် လက်တွဲသရုပ်ဆောင်ဖို့ဖြစ်လာတဲ့ Park Shin Hye နဲ့Park Hyung Sik တို့ရဲ့ ဒရမ်မာအသစ်လေး ထွက်ရှိလာပါပြီ။Yeo Jeong-woo (Park Hyung-sik) ဟာဆိုရင် ဘယ်တော့မှပထမနေရာကို လက်လွတ်ဖူးခြင်း မရှိသူပါ။တစ်နေ့ Jeong-woo ရဲ့ အခန်းထဲကို Nam Ha-neul (Park Shin-hye) ဆိုတဲ့ကျောင်းသူလေး ကျောင်းပြောင်းလာပါတယ်။Ha-neul ဟာဆိုရင်လည်း ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုရလဒ်ရရှိဖို့အတွက်၁၂၀ ရာခိုင်နှုန်း အားထုတ်တတ်တဲ့ စာကြမ်းပိုးမလေးပါ။တစ်ကျောင်းတည်းမှာ အဆင့်တစ်နှစ်ယောက်ရှိလို့ မရတဲ့အတွက်သူတို့နှစ်ယောက်က အချင်းချင်း မုန်းတီးပြီး အကြိတ်အနယ် ပြိုင်ဆိုင်တဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတာပေါ့။အဲဒီလိုနဲ့ အထက်တန်းကျောင်းပြီးနောက် ကွဲကွာသွားပြီး ၁၄ နှစ်အကြာမှာJeong-woo နဲ့ Ha-neul တို့ ပြန်လည်ဆုံတွေ့ဖို့ အကြောင်းဖန်လာပါတော့တယ်။ကိုယ်စီအကြောင်းတရားတွေကြောင့် ဆရာဝန်အလုပ်ကနေ ထွက်လိုက်ရပြီးဘဝရဲ့ အဆိုးဆုံးအခြေအနေကို ရောက်နေတဲ့သူတို့နှစ်ယောက်….အပြန်အလှန် နှစ်သိမ့်ပေးရင်း ရန်သူတွေအဖြစ်ကနေ ချစ်သူ‌တွေအဖြစ်ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ‌ကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်စောင့်ကြည့်ပေးကြပါဦး။အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း ပြသသွားမှာဖြစ်ပြီး စုစုပေါင်း ၁၆ ပိုင်း ပါဝင်မှာဖြစ်ပါတယ်။ဆမ်းဒါရီပြီး‌တဲ့နောက် ဟာတာတာဖြစ်ကျန်နေခဲ့သူတွေအတွက်ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ရမဲ့ Rom-Com ဇာတ်ကားကောင်းလေး ဖြစ်လာဦးမှာအမှန်ပါပဲ။