The Envoys FHD

The Envoys

Drama Mystery FHD 2021-12-12 7.943

ကမ္ဘာပေါ်မှာ သာမန်မြင်တွေ့နေကျနဲ့ ကွဲထွက်ပြီး တစ်မူထူးခြားစွာဖြစ်ပေါ်နေတဲ့ ထူးဆန်းထွေလာတွေ အများကြီးပေါ်ပေါက်ဖူးပါတယ်။အများစုကတော့ ဘာသာရေးနဲ့ရောယှက်နေကြတာပေါ့။ တောင်ပို့ကနေ နို့တွေထွက်တာမျိုးတို့၊ ရွှံ့အေးပွက်ထတာမျိုးတို့ပေါ့လေ။ ရှေးတုန်းကဆို နေကြတ်၊လကြတ်တာကိုတောင် တကယ့်”အံ့ဖွယ်ဖြစ်ရပ်ကြီး”သဖွယ်ဖြစ်ခဲ့ကြတာကိုး။ဆိုတော့ “အံ့ဖွယ်ဖြစ်ရပ်”ဆိုတာဘာလဲ။ ဒီစီးရီးထဲမှာတော့ သိပ္ပံပညာနဲ့ရှင်းပြလို့မရတဲ့ ဖြစ်ရပ်တွေကိုသာ “အံ့ဖွယ်ဖြစ်ရပ်”လို့ သမုတ်ပါတယ်။ကျွန်တော်တို့ရဲ့ဇာတ်လိုက် ဖာသာအန်တီကွီရာကတော့ “သိပ္ပံပညာဟာလွန်ခဲ့တဲ့နှစ်၂ထောင်ကျော်က အံ့ဖွယ်ဖြစ်ရပ်ဆိုတာတွေကို ဖြုတ်ချနိုင်ခဲ့တဲ့အရာ”လို့ ဆိုပါတယ်။ ဇာတ်လမ်းလေးကတော့ ဆေးပညာကျွမ်းကျင်တဲ့ ဖာသာဆလီးနက်စ်နဲ့ ဥပဒေပညာကျွမ်းကျင်တဲ့ ဖာသာအန်တီကွီရာတို့နှစ်ယောက် လူတွေ “အံ့ဖွယ်ဖြစ်ရပ်” လို့ဆိုကြတဲ့အရာတွေကို လိုက်လံစစ်ဆေးဖြေရှင်းကြပုံပါ။ခေါင်းလောင်းမျှော်စင်ကနေ ခုန်ချပြီး အရိုးတွေကျိုးကြေကုန်လို့ ဆရာဝန်ကတောင် သေပြီလို့ အတည်ပြုပြီးသားလူတစ်ယောက်က အကောင်းပကတိပြန်ဖြစ်သွားတဲ့ပဟေဠိကတော့ ဇာတ်လိုက်ဖာသာနှစ်ယောက်ကို စတင်သိကျွမ်းစေခဲ့တဲ့ ပထမဆုံးအမှုပါပဲ။ ဘာသာရေးခေါင်းစဉ်အောက်ဆွဲသွင်းခံရတဲ့ ဖြစ်ရပ်တွေနဲ့ အဲဒီနောက်ကွယ်က အကြောင်းတရားတွေ၊ သိပ္ပံပညာနဲ့ဖြေရှင်းလို့မရတဲ့”အံ့ဖွယ်ဖြစ်ရပ်”ဟုတ်လား၊မဟုတ်ဘူးလားဆိုတာကတော့စီးရီးလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။