FHD
Masters of the Universe: Revolution
ဒီseriesဟာ 2021ထွက် Masters of the Universe: Revelationရဲ့အဆက်ဖြစ်ပေမယ့် ဇာတ်လမ်းသွားက ပုံစံတစ်မျိုးလေးပြောင်းလဲသွားပြီဖြစ်လို့ ခုမှစကြည့်မယ်ဆိုလည်းရပါတယ်။Grayskullရဲ့ ချန်ပီယံ He-Manဆိုတာ စကြာဝဠာမှာ အသန်မာဆုံးလူသားပေါ့…။သူ့အကြောင်းFanတွေအနေနဲ့တော့ သိပြီးသားဆိုပေမယ့် ခုမှအသစ်စကြည့်မယ်သူတွေအတွက် နည်းနည်းလောက် ညွှန်းပေးပါဦးမယ်။ဖန်တီးမှုတွေရဲ့အစမှာ အီတာနီယာဂြိုဟ်တည်ရှိပါတယ်၊လူသားနဲ့ မွန်းစတားများ၊ မှော်ဆရာနဲ့စစ်ဘုရင်များ၊ သိပ္ပံနဲ့မှော်ပညာယှဥ်တွဲနေထိုင်နိုင်တဲ့ ရင်သပ်အံ့သြဖွယ်ရာ ကမ္ဘာတစ်ခုပါ…။ဒီလိုယှဥ်တွဲနေထိုင်ခြင်းရှိရင် အငြင်းပွားအချင်းများခြင်းလည်းရှိနေကျ၊စွမ်းအားတိုက်ပွဲတွေလည်းရှိနေကျပါ…။2021စီးရီးက စွမ်းအားလုတိုက်ပွဲတွေမှာ ရန်သူတော်ကြီး Skeletorကျဆုံးသွားပြီးနောက် ဂရေးစကောရဲတိုက်ရဲ့ ချန်ပီယံ He-Manဟာစကြာဝဠာရဲ့ အသန်မာဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။သို့ပေမဲ့ Skeletorဟာ လွယ်လွယ်နဲ့လက်မလျှော့သေးဘဲ He-Manကိုအနိုင်ယူဖို့ သူ့ရဲ့စွမ်းအားအရင်းအမြစ်ကိုပြောင်းလဲကာဆရာအသစ်တင်လိုက်ပါပြီ…၊မှော်စွမ်းအားကနေ နည်းပညာကိုအားကိုးကာ သူ့ကိုယ်သူစက်ရုပ်တစ်ပိုင်းအဖြစ်ပြောင်းလဲလိုက်တာပါ…။စကြာဝဠာတစ်ခုလုံးကို အပိုင်သိမ်းမယ့် အဆင့်မြင့်နည်းပညာနဲ့မှော်ပညာတို့ရဲ့တိုက်ပွဲကို မြင်တွေ့ရမယ့်ဇာတ်လမ်းဖြစ်တာမို့ ရှုစားကြည့်လိုက်ပါတော့ဗျာ…။