သဘာဝတရားကြီးထဲကို လူတွေကျူးကျော်လာတာနဲ့အမျှပိုးကောင်လေးတွေရဲ့ ကျက်စားနေရာလေးတွေလည်းပျက်စီးလာခဲ့ပြီးဂေဟစနစ်ဟန်ချက်ပျက်လာခဲ့ပါပြီ။ အင်းဆက်ပိုးကောင်လေးတွေဟာလည်းအရွယ်သာငယ်ပေမဲ့ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေနဲ့ သဘာဝဂေဟစနစ်ကိုဟန်ချက်ညီအောင် ထိန်းသိမ်းပေးတဲ့နေရာမှာအံ့သြဖို့ကောင်းလောက်အောင်ကို အရေးပါတဲ့ကဏ္ဍက ပါဝင်နေကြပါတယ်။ဒီ Documentary ထဲမှာတော့ နယူးယော့ခ်မြို့ရဲ့ လမ်းပေါ်မှာနားခိုရာနေရာသစ်ရှာဖွေနေရတဲ့ ပင့်ကူငယ်လေးကနေကိုစတာရီကာ သစ်ခွပျားလေးရဲ့ ရနံ့ရှာဖွေတဲ့ စွန့်စားခန်းအထိသေးငယ်လှတဲ့ ပိုးကောင်လေးတွေရဲ့ဘဝကို ရိုက်ကူးထားတဲ့အပြင်မြို့ပေါ်နဲ့ တောတွင်းမှာနေထိုင်ကျက်စားကြတဲ့ ပိုးကောင်လေးတွေနေ့စဉ်ဖြတ်ကျော်ရတဲ့အခက်အခဲအတားအဆီးတွေ၊ အရွယ်သာငယ်ပေမဲ့သူတို့ပါဝင်တဲ့ ကဏ္ဍကအရေးပါပုံတွေ၊ သဘာဝတရားကြီးကိုဟန်ချက်ညီနေအောင် လုပ်ဆောင်ပေးကြပုံတွေ၊ အချင်းချင်းစုစည်းညီညွတ်စွာဝီရိယရှိရှိနဲ့ အလုပ်ကြိုးစားကြပြီး အခက်အခဲကျော်လွှားကြပုံတွေအပြင်အင်းဆက်ပိုးကောင်လေးတွေရဲ့ အမူအကျင့်တွေနဲ့ လုပ်နိုင်စွမ်းတွေကိုအနီးကပ် macro shot တွေနဲ့ရိုက်ကူးထားလို့ ရပ်သပ်ရှုမောဖွယ် ကြည့်ရှုကြရမှာပါ။သရုပ်ဆောင်မင်းသမီး Awkwafina နောက်ခံစကားပြောပေးထားတာဖြစ်ပြီးကမ္ဘာပေါ်ကမတူညီတဲ့ ပိုးကောင်လောက (၉) နေရာကို နည်းပညာတွေ၊ ကင်မရာစွမ်းရည်တွေနဲ့ပေါင်းစပ်ပြီး အသေးစိတ်ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်လို့မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ကောင်းမဲ့ စီးရီးလေးတစ်ခုပါ။ပိုးကောင်ငယ်လေးတွေရဲ့ ကမ္ဘာကိုအလည်သွားပြီးသူတို့ရဲ့နေ့စဉ်ဘဝနဲ့ အမူအကျင့်တွေကို လေ့လာရင်းခံစားကြည့်ရှုလိုက်ကြပါဦးဗျ။