နာပီဒီနဲ့ SEVENTEEN တို့ကြားက ကတိကို အကောင်အထည်ဖော်မယ့်“NANA TOUR With SEVENTEEN” ကြည့်ရှူလို့ရပါပြီ။နာပီဒီက တိုးဂိုက်အနေနဲ့တာဝန်ယူပြီး ကတိအတိုင်းSEVENTEEN တစ်ဖွဲ့လုံးကို ဥရောပ အလည်အပတ်ခရီးစဉ် ပို့ပေးမှာပဲ ဖြစ်ပါတယ်။ဒီအစီအစဉ်မှာလည်း အမြဲတမ်း ပေါ့ပါးပွင့်လင်းပြီး ပျော်တတ်တဲ့SEVENTEEN အဖွဲ့ဝင်တွေရဲ့ ခရီးသွားဟန်တွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ ပုံရိပ်ကို ကြည့်ရမှာမို့စိတ်အပန်းပြေစေမယ့် အစီအစဉ်တစ်ခု ဖြစ်မှာ အသေအချာပါပဲ။