ကလေးဘဝတုန်းက ပျော်စရာကောင်းတဲ့ ဂိမ်းတွေအများကြီးဆော့ခဲ့ကြရတယ်မလား။ဒီလိုပဲ ကိုရီးယားမှာလည်း ပျော်ဖို့ကောင်းတဲ့ဂိမ်းတွေအများကြီးရှိပါတယ်။ကိုရီးယားကဂိမ်းတွေကို တခြားနိုင်ငံမှာဆော့ရင်ရောဘယ်လောက်အထိ သူတို့အာရုံကိုဖမ်းစားနိုင်မလဲဆိုတာကို သိချင်တဲ့အတွက်(ဂွမ်ဟီး, မင်ဂယူ, ဆန်းယော့နဲ့ ဒုံဖြိုး)တို့လေးယောက်ကနေ ကမ္ဘာပတ်ပြီး မိတ်ဖွဲ့ရင်းနဲ့ကိုရီးယားဂိမ်းတွေကို မိတ်ဆက်ပေးသွားမဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။ဒီရှိုးလေးမှာတော့ အပိုင်းလေးပိုင်း ပါဝင်မှာဖြစ်ပြီးတော့ အချောလေး၄ယောက်ကဘယ်နိုင်ငံတွေကိုသွားပြီး ဘယ်လိုဂိမ်းတွေဆော့မလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။