ခင်ပွန်းဖြစ်သူ လူသားတစ်ယောက်ရဲ့ ကတိမတည်မှုကြောင့်လူသားတစ်ယောက်ဖြစ်နိုင်မဲ့ အခွင့်အရေးကို ဆုံးရှုံးလိုက်ရတဲ့ ဂူမီဟိုမလေး ဂူဆန်း(Han Da Gam)နဲ့ သူမရဲ့ သမီးလေး ယွန်းဟီး(Kim Yoo Jung)ခင်ပွန်းဖြစ်သူ သေဆုံးသွားတာကြောင့် နေထိုင်စရာ အခက်အခဲရှိနေတဲ့ သားအမိနှစ်ယောက်ကိုကြင်နာတတ်တဲ့အရာရှိမင်းဟောင်း ယွန်းဒိုဆူ (Jang Hyun Sung) က နေထိုင်စရာနေရာပေးပြီး ကူညီခဲ့ပါတယ်လူကြီးမင်းယွန်းကတော့ သူ့သမီးလေး ယွန်းချိုအို့(Seo Shin Ae)ရဲ့ ထူးဆန်းတဲ့ရောဂါအတွက် ကုသနည်းကိုလိုက်ရှာနေခဲ့တာပါချိုအို့ရဲ့ရောဂါပျောက်ကင်းနိုင်မဲ့တစ်ခုတည်းသောနည်းလမ်းက သမီးလေးလိုချစ်ရတဲ့ ယွန်းဟီးကို စတေးလိုက်မှရမဲ့ကိစ္စဖြစ်လာတဲ့အခါ….လူသားတွေရဲ့ လောဘ အတ္တတွေနဲ့ ဂူမီဟိုတစ်ယောက်ရဲ့ ရန်ငြိုးကြီးမားစိတ်တို့မှာဘယ်အရာက အနိုင်ရသွားမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး