The Midnight Studio 야한(夜限) 사진관 FHD

The Midnight Studio 야한(夜限) 사진관

Drama Sci-Fi & Fantasy FHD 2024-03-11 8

Seo KiJoo က သေးငယ်တဲ့ ဓာတ်ပုံစတူဒီယိုလေးတစ်ခု ဖွင့်လှစ်ထားတဲ့ ဓာတ်ပုံဆရာလေးဖြစ်ပြီးတော့ စတူဒီယိုရဲ့ ၇ယောက်မြောက် ပိုင်ရှင်ဖြစ်ပါတယ်။ထူးခြားချက်ကတော့ အဲဒီဓာတ်ပုံစတူဒီယိုလေးက လူသားတွေအတွက် မဟုတ်ဘဲ တစ္ဆေသရဲတွေအတွက် ဖွင့်လှစ်ထားတယ်ဆိုတာပါပဲ။KiJoo က သေဆုံးပြီးနောက် သူ့ဆိုင်ကို ရောက်ရှိလာတဲ့ ဝိဉာဥ်တွေကို ဘဝခရီးရဲ့နောက်ဆုံးပုံလေး ရိုက်ကူးပေးလေ့ရှိပါတယ်။Ki Joo တို့ရဲ့ Midnight Photo Studio လေးမှာ လက်ထောက်မန်နေဂျာဂိုနဲ့ Baek NamGu လို့ခေါ်တဲ့ ဝန်ထမ်းလေးနှစ်ယောက်ရှိပါတယ်။လက်ထောက်မန်နေဂျာဂိုကတော့ စတူဒီယိုအတွက် ဖောက်သည်အဖြစ် တစ္ဆေသရဲတွေကိုခေါ်ဆောင်လာဖို့ တာဝန်ယူထားပြီးNam Gu ကတော့ စတူဒီယိုနဲ့ပတ်သတ်သမျှ ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးတဲ့သူဖြစ်ပါတယ်။Han Bom ဆိုတဲ့ ရှေ့နေမလေးကတော့ အလုပ်ကြိုးစားသူဖြစ်ပြီး မတရားမှုကို သည်းမခံတတ်တဲ့သူလေးဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ အကြောင်းအမျိုးမျိုးကြောင့် KiJoo တို့ရဲ့ သရဲဓာတ်ပုံစတူဒီယိုမှာ အတူတူလက်တွဲပြီးအလုပ်လုပ်ကိုင်ဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ သူတို့အားလုံး Midnight Photo Studio လေးမှာ အတူတူအလုပ်လုပ်ကိုင်ရင်းစွဲလမ်းစိတ်​ကြောင့် မကျွတ်လွတ်နိုင်သေးတဲ့ ဝိဉာဥ်တွေကို ဘယ်လိုချွတ်သွားပေးမလဲဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အလွမ်းအဆွေးဟာသနှောပြီး ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ KiJoo အဖြစ် နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ JooWon,ရှေ့နေမလေးအဖြစ် Itaewon Class ထဲက မမ Kwon Nara,လက်ထောက်မန်နေဂျာဂိုအဖြစ် Alchemy of Souls ထဲက ပရိတ်သတ်အချစ်တော် Yoo InSoo နဲ့Baek NamGoo အဖြစ် Eum MoonSuk တို့က ပါဝင်အားဖြည့်ထားပါတယ်။