သိုင်းလောကစိန်ခေါ်သံ (Laughing in the Wind  笑傲江湖) FHD

သိုင်းလောကစိန်ခေါ်သံ (Laughing in the Wind 笑傲江湖)

Drama Action & Adventure FHD 2001-03-25 8.6

ယိ……..ယား…………….ဆိုတဲ့အသံလေးကို ငယ်ငယ်တုန်းက ကြားဖူးခဲ့ကြမှာပါ…မှန်ပါတယ်..အခုပြန်လည်တင်ဆက်မှာက…. လင့်ဟူချုန်း..နတ်ကလျာ…တုန်ဖုန်းပုပိုက် စတဲ့ ကလေးဘဝက ဇာတ်ကောင်တွေနဲ့ ပြန်လည်တွေ့ဆုံရမယ့် သိုင်းလောကစိန်ခေါ်သံ ဇာတ်လမ်းတွဲပါ။ စာရေးဆရာ ကျင်းယုံရဲ့ သိုင်းလောက Universe ထဲက လက်ရာအမြောက်ဆုံးဇာတ်လမ်းတွဲပါ။သိုင်းလောကထဲကကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ပုရိသအပေါင်းတို့လေးစားအားကျ မြတ်နိုးခဲ့တဲ့သူရဲကောင်းတစ်ယောက် ရှိခဲ့ပါတယ်။သူကတော့ အမှန်တရားကိုမြတ်နိုးတတ်တဲ့ ရိုးသားဖြောင့်မတ်တဲ့ကောက်ကျစ်ရန်လိုမှုကင်းတဲ့ ကျေးဇူးတရားကိုအသက်ထက်စောင့်သိတတ်တဲ့ သူရဲကောင်းလင့်ဟူးချုန်းပဲဖြစ်ပါတယ်။ ဒီသိုင်းစာအုပ်ကိုဖတ်ဖူးတဲ့ ဇာတ်လမ်းကို ကြည့်ဖူးတဲ့သိုင်းလောကသားတိုင်းလည်း သူ့ရဲ့ကိုယ်ကျင့်စရိုက်ကို အားမကျဖူးတဲ့သူမရှိသလောက်ပါပဲ(ရှက်ကီလည်းသိပ်ကြိုက်တတ်သူပါ) သူ့အတွက်ပါရမီဖြည့်ဖက်အနေနဲ့ကတော့ နတ်မိမယ်တစ်မျှချောမောလှပလွန်းတဲ့အချစ်ကြီးသလို အရှက်ရော အမျက်ပါကြီးတတ်တဲ့ သိုင်းပျိုဖြူလေးယဉ်ယဉ်က ပါဝင်အားဖြည့်ထားပြန်တော့ အချိုပေါ်သကာလောင်းလိုက်သလိုပါပဲသိုင်းလောကရဲ့ ဒဏ္ဍာရီဓါးသိုင်းတစ်ခုဖြစ်တဲ့ တူးကူးဓါးကိုးကွက်ရဲ့(ဧကရာဇ်ကိုးကွက်)နက်ရှိုင်းမြင့်မားပုံကိုလည်း ကြည့်ရှုခံစားနိုင်မှာပါ။သိုင်းလောကသားတို့ရဲ့ အတောမသတ်နိုင်တဲ့ရမ္မက်ဆန္ဒတွေ သူတော်ကောင်းလမ်းမှန်လို့ ခံယူထားသူတစ်ချို့ရဲ့ ကန့်လန့်ကာနောက်ကွယ်က ယုတ်မာရိုင်းစိုင်းမှုတွေ အဖြူနဲ့အမဲ အမှားနဲ့ အမှန်ကြားက ဖြူစင်စွာနှောင်ဖွဲ့မိခဲ့တဲ့သံယောဇဉ်အပိုင်းအစတွေ ငါးစာရဲ့နောက်ကွယ်ကနေ ပါလာတတ်တဲ့အသွားထက်ထက်နဲ့ ငါးမျှားချိတ်တွေ အချစ်အလွမ်း အမုန်းအာဃာဒနူးညံ့တဲ့ ဂီတ သံယောဇဉ်စတဲ့ ရသအမျိုးမျိုးနဲ့ ခြယ်မှုန်းထားခဲ့တဲ့သိုင်းလောကရဲ့စိန်ခေါ်သံဆိုတဲ့ ဇာတ်လမ်းတွဲကြီးဟာ မူရင်းစာရေးဆရာကျင်းယုံရဲ့ ဝတ္တုကို ၂၀၀၁ ခုနှစ်မှာဇာတ်လမ်းတွဲအနေနဲ့ ပြန်လည်ရိုက်ကူးထားခဲ့တာပါ။IMDb (8.0)ရရှိထားပါတယ်။ ကြည့်ဖူးပြီးသားလူတွေရှိပေမယ့် ဂန္တဝင်သိုင်းဇာတ်လမ်းတွဲကို အကြည်ဆုံး Version နဲ့ မှတ်တမ်းတင်ခဲ့ချင်တာကြောင့် ChannelMyanmar ကနေ ပြန်လည်တူးဖော်ပြီးအကြည်ဆုံး Quality နဲ့တင်ဆက်လိုက်ပါတယ်။သိုင်းလောကသားများအတွက် ဆက်လက်ကြိုးစားပါဦးမည်။