တရားရေးအလုပ်သင် Kim Yo Han က မှင်သေသေမျက်နှာထားနဲ့ အလုပ်ကို ချင့်ချိန်စဉ်းစားလုပ်တတ်သူပါ။ သူများထက် အမြဲ နှာတစ်ဖျားသာပြီး အကွက်ကြိုရွှေ့တတ်တဲ့ ပြိုင်စံရှား Kim Yo Han တစ်ယောက် သူလျှိုအဖြစ်နဲ့ စုံစမ်းရေးလုပ်ရင်းကနေ ထင်မှတ်မထားတဲ့ အမှုတစ်ခုမှာ ကြားညပ်သွားပြီး ထောင်ကျသွားခဲ့ရပါတယ်။ အကျဉ်းထောင်ထဲရောက်သွားတဲ့အချိန်မှာလည်း မှင်သေသေမျက်နှာထားကြီးနဲ့မို့ အမြဲ ရန်ရှာခံရပြီး အန္တရာယ်များတဲ့ အခြေအနေတွေနဲ့ပဲ ကြုံရပြန်ပါတယ်။ Kim Yo Han တစ်ယောက် ဒီလိုခက်ခဲနေတဲ့ အနေအထားတွေကနေ ဘယ်လိုရုန်းထွက်မလဲ?