War of Faith 追风者 FHD

War of Faith 追风者

Unknown FHD 2024-03-21 8.3

၁၉၃၀ နှစ်ကာလတွေထဲက ကူမင်တန်ဗဟိုဘဏ်ဝန်ထမ်းလေး ဝေရော့ဟိုင်(Wang Yibo)ကအကြီးတန်းအကြံပေးပုဂ္ဂိုလ် ရှန်ထူနန်(Wang Yang)ရဲ့ အာရုံစိုက်မှုခံခဲ့ရပြီးကူမင်တန်ပါတီအတွင်းက ဘဏ္ဍာရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့ရပါတယ်။ဒီလိုနဲ့ ပါတီအတွင်းက အချင်းချင်းထိပ်တိုက်တွေ့ရတဲ့ကိစ္စတွေမှာ ဝေရော့ဟိုင်နဲ့ရှန်ထူနန် ယုံကြည်ရာလမ်းတွေ ကွဲလွဲလာပါတော့တယ်။ဝေရော့ဟိုင်က ရှန်ကျင်းကျန်း(Li Qin)နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ ရွေးချယ်စရာလမ်းစ ရှိလာခဲ့တယ်။ဝေရော့ဟိုင်က ကျန်းရှီးနယ်မြေကို ပါတီရဲ့တာဝန်ပေးမှုကြောင့် ပြောင်းရွှေ့သွားရာကနေကူမင်တန်စီးပွားရေးအတွက် အဓိကအရေးပါတဲ့လူဖြစ်လာခဲ့တယ်။သမ္မတခေတ်ကာလမှာ ကူမင်တန်ပါတီနဲ့ကွန်မြူနစ်ပါတီရဲ့အားပြိုင်မှုတွေကြားဝေရော့ဟိုင်ရွေးချယ်လိုက်တဲ့ ယုံကြည်ရာလမ်းက ဘာလဲ…ဉာဏ်ကစားခြင်းတွေနဲ့ သွေးသံရဲရဲလမ်းကို အဆုံးထိလျှောက်လှမ်းသွားနိုင်မှာလား…ယုံကြည်ချက်နဲ့ချစ်ခြင်းသံယောဇဉ်က ရစ်နှောင်ဖွဲသွားနိုင်မှာလား…ဆိုတာကို မင်းသားချော Wang Yibo နဲ့ မင်းသမီးချော Li Qin တို ပါဝင်‌သရုပ်ဆောင်ထားတဲ့War of Faith ဇာတ်လမ်းတွဲမှာ စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါပြီနော်။