Guess Who I Am 猜猜我是谁 FHD

Guess Who I Am 猜猜我是谁

Unknown FHD 2024-03-22 8.3

Romance Drama ကို ဇာတ်လမ်းဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ဟာသလေးပါနှောပြီးကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် မင်းသမီးကျန်းယွီရှီးပါဝင်သရုပ်ဆောင်ထားပြီး ခေါင်းဆောင်မင်းသားအနေနဲ့ ဝမ်ကျစ်ချီတို့ပါ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးထွက်ရှိလာပါပြီရှင် ။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ – လိမ်လည်လှည့်ဖျားတတ်တဲ့ လူယုတ်မာယောက်ျားတွေကိုပညာပေးလေ့ရှိတဲ့ မိန်းမလှလေးစုန့်ယောင်ဟာ ချန်ထျန်းစီးပွားရေးလုပ်ငန်းစုရဲ့သူဌေးသားအတုလေးနဲ့ကြုံဆုံမိရာကနေ ဇာတ်လမ်းလေးစခဲ့ပါတယ် ။ ရှေးအဆိုအရချမ်းသာတဲ့သူဌေးတွေက ဘယ်လောက်ယုတ်မာတဲ့အလုပ်ပဲလုပ်လုပ် အကျိုးဆက်ကိုဘယ်တော့မှမခံစားရပါဘူးတဲ့ ဒါပေမဲ့ မိန်းမလှလေးစုန့်ယောင်ကတော့ လူယုတ်မာတွေကိုသူတို့လုပ်သမျှအကုန်ပြန်ခံစားရအောင် ပညာပေးလေ့ရှိပါတယ် ။ အဲဒီလိုချမ်းသားတဲ့လူယုတ်မာတွေကိုလည်း မျက်လုံးခြင်းဆုံရုံနဲ့တင် စွဲမက်သွားလောက်အောင်လုပ်နိုင်တဲ့အရည်အချင်းလည်း စုန့်ယောင်မှာရှိပါတယ် ။ ဒါပေမဲ့ ‌တစ်နေ့မှာတော့အဲဒီလိုအစွမ်းထက်လှတဲ့မျက်လုံးတွေက ချန်ထျန်းစီးပွားရေးလုပ်ငန်းစုသူဌေးသားအတု ကျိချန်းချွမ်နဲ့တွေ့ဆုံချိန်မှာတော့ အလုပ်မဖြစ်တော့ပါဘူး။သူဌေးသားအတုလေးကို သူဌေးသားအတုမှန်းမသိတဲ့ မိန်းမလှလေးနဲ့သူဌေးသားအတုလေးတို့ရဲ့ ဇာတ်လမ်းကဘယ်လိုဖြစ်သွားမလဲ ?သူတို့နှစ်ယောက်ကြား ဘယ်လိုဆုံတွေရင်းက ရင်းနှီးပြီး ချစ်ကျွမ်းဝင်သွားမလဲ ?ထင်ထားသလို ပျော်ရွှင်စရာဇာတ်သိမ်းလေးရော ဖြစ်ပါ့မလားဆိုတာကိုဇာတ်လမ်းလေးကို စောင့်ကြည့်ရင်း အားပေးကြပါအုံးရှင် ။