Escaype Live FHD

Escaype Live

Crime Sci-Fi & Fantasy FHD 2022-05-20 8

ဒီနေ့မှာတော့ IMDb 8.2/10 ရ အိန္ဒိယ social thriller web series ကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ “Escaype Live” ဆိုတာ ဘာလဲ? အနီးစပ်ဆုံးပြောရရင်တော့ Tik Tok တို့ Instagram reels တို့လို တရုတ်အခြေစိုက် video sharing app တစ်ခုပါပဲ။ ကိုယ်ကြိုက်တဲ့ဗီဒီယိုတွေရိုက်တင်မယ် .. live လွှင့်မယ် .. သဘောကျနှစ်သက်တဲ့သူတွေက အသည်းလေးတွေပေးမယ် .. တချို့ပိုကဲတဲ့သူတွေကကျ ပိုက်ဆံနဲ့ပေးဝယ်ရတဲ့စိန်တုံးတွေဝယ်ပေးမယ်။ ဒီမှာဘာပိုမက်မောစရာဖြစ်သွားလဲဆိုတော့ စိန်တုံးရတဲ့သူတွေက ကိုယ်ရတဲ့စိန်တုံးအရေအတွက်အလိုက်ပိုက်ဆံရမှာဖြစ်ပြီး အဲဒီပိုက်ဆံကိုတော့ ကုမ္ပဏီနဲ့ 50-50 ခွဲဝေယူရမှာပါ။