၂၀၁၅ခုနှစ်က နာမည်ကြီးအောင်မြင်ခဲ့တဲ့“Hello Monster” ကိုရီးယားဒရမ်မာကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့လူတစ်ယောက်ရဲ့ရုပ်ကိုမြင်တာနဲ့ လူကောင်းလား လူဆိုးလားခွဲခြားသိမြင်နိုင်တဲ့ထက်မြက်တဲ့ စုံထောက် ထန်ဝ(Petch Paopetch Charoensook)…ကလေးဘဝမှာ ဖခင်ဖြစ်သူ က ရက်ရက်စက်စက် အသတ်ခံလိုက်ရပြီးညီဖြစ်သူကပါ ပျောက်ကွယ်သွားတဲ့ ထန်ဝါ တစ်ယောက်တည်ကြည်လှတဲ့သူ့ရဲ့မျက်နှာနောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အမှောင်ထုတရားတွေ ရှိနေပါတယ်။စုံထောက် ထန်ဝါကို လေးစားအားကျပြီးသူ့အတိုင်းအတုယူနေတဲ့ ထိပ်တန်းစုံထောက်မလေး အိုင်(Belle Kemisara Paladesh)…အိုင် နဲ့ ထန်ဝါ တို့ တွေ့ဆုံဖို့အကြောင်းဖန်လာပြီအမှုတစ်ခုကို စုံစမ်းဖို့ ဖြစ်လာတဲ့အခါမှာတော့…ဖြေရှaင်းလေလေ ပိုရှုပ်ထွေးလေလေဖြစ်လာပြီးလျှို့ဝှက်ချက်တွေကလည်း တစ်ခုပြီးတစ်ခုပေါ်လာတော့တယ်။ထန်ဝါ တစ်ယောက် ညီဖြစ်သူကိုပြန်ပြီးရှာတွေ့နိုင်ဦးမှာလားဆိုက်ကိုပါ့သ် တစ်ယောက်ရဲ့ကြောက်စရာကောင်းလှတဲ့ အမှောင်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ လူသတ်မှု တွေကို ရင်ခုန်စွာနဲ့ ကြည့်ရှုပြီးကိုယ်တိုင်အဖြေထုတ်ရမယ့် Mystery Thriller ဇာတ်လမ်းလေးဖြစ်ပါတယ်။တစ်ပတ်ကို နှစ်ပိုင်းနှုန်းနဲ့ တနင်္လာနေ့ နဲ့ အင်္ဂါနေ့များမှာ ထုတ်လွှင့်ပေးသွားမှာပဲ ဖြစ်ပါတယ်။