Moon Lovers: Scarlet Heart Ryeo달의 연인 - 보보경심 려 FHD

Moon Lovers: Scarlet Heart Ryeo달의 연인 - 보보경심 려

21ရာစုက ဂိုဟာဂျင်လို့ခေါ်တဲ့မိန်းကလေးတစ်ယောက်က ထယ်ဂျိုဘုရင်အုပ်စိုးချိန်ကာလဖြစ်တဲ့ ဂိုလျောမင်းဆက်ရဲ့အစပိုင်းအချိန်ကို ပြန်ရောက်သွားခဲ့ရာကစပါတယ်။အဲဒီခေတ်မှာ သူက ဂိုဟာဂျင်အဖြစ်မဟုတ်ဘဲ မင်းသား(၈)ဝမ်ဝူရဲ့ကြင်ရာတော်ရဲ့ဝမ်းကွဲညီမ ဟယ်ဆူဖြစ်နေခဲ့ပြီးဘုရင့်သားတော်တွေနဲ့လည်း ရင်းနှီးလာခဲ့ပါတယ်။မင်းသားတွေနဲ့ပတ်သက်ရာကနေပဲ နန်းတွင်းထဲမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ထီးနန်းဆက်ခံတဲ့အရှုပ်ထုတ်တွေကြားထဲ ဘယ်လိုရောက်သွားပြီးနန်းတော်ရဲ့အပယ်ခံဖြစ်တဲ့ မင်းသား(၄)ဝမ်ဆိုနဲ့ ဘယ်လိုရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းမျိုးဖြစ်လာမလဲဆိုတာတစ်ဖန်ပြန်လည်ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။