2024ရဲ့GLအဖွင့်ကတော့ Blankမှာထဲက အောင်မြင်မှုတွေတဟုန်ထိုးဖြစ်နေတာဆိုတော့ဒီCPအသစ်လေးကိုလည်း အများကြီးမျှော်လင့်ထားတာမလို့ ဘယ်လိုတွေလာမလဲ ရှုစားကြပါဦး။လူတိုင်းလူတိုင်းမှာ မနိုးထချင်လောက်အောင် လှပလွန်းတဲ့အိပ်မက်ကိုယ်စီရှိပါတယ်ဒါဝမ်ရဲ့ မနိုးထချင်တဲ့အိပ်မက်လေးကတော့ ကင်ဆိုတဲ့ကောင်မလေးပါပဲ။ဒါဝမ်ဟာအများအမြင်မှာ မိသားစုကလည်းကျိကျိတက်ချမ်းသာ၊ ကိုယ်တိုင်ကလည်း တဟုန်ထိုးအောင်မြင်နေပြီနိုင်ငံတကာကိုထိုးဖောက်ဖို့ ဟောလိဝုဒ်ရုပ်ရှင်မှာ လူရွေးပွဲဝင်ပြိုင်နေတဲ့ prime timeမှာရှိနေတဲ့ထိပ်တန်းမင်းသမီးဆိုတော့ လူတကာအားကျစရာပေါ့။ဒါပေမဲ့ လူမမြင်ကွယ်ရာက သနားစရာဝမ်လေးကတော့ အတိတ်ရဲ့အရိပ်ဆိုးတွေအောက်မှာရှင်သန်နေရသူပါဒါတွေအားလုံးကို နားလည်ပေးနိုင်သူကတော့ အဖြစ်ဆိုးကို မျှဝေခံစားခဲ့ရတဲ့ ထပ်တူကံဆိုးခဲ့တဲ့ကင်ပါပဲ။ကင်က မင်းသမီးတိုင်းမက်မောရတဲ့ အရည်အချင်းရှိတဲ့စတိုင်လစ်တစ်ယောက်၊ဝမ်ရဲ့လိုအပ်ချက်မှန်သမျှ အရိပ်တကြည့်ကြည့်နဲ့ဖြည့်ဆည်းပေးနေတဲ့ ဝမ်ရဲ့အရိပ် ဝမ်ရဲ့ဒိုင်းကာလေးပေါ့။ဘာပဲလုပ်လုပ် ဝမ်ကိုပဲကြည့်နေတတ်တဲ့ကင်ဟာ တစ်နေ့မှာထူးဆန်းစွာနဲ့ ဝမ်ဆီကအလုပ်ထွက်ပြီး ဝမ်နဲ့ပြိုင်ဘက်မင်းသမီးဆီမှာ အလုပ်သွားလုပ်တဲ့အခါ…နှစ်ကိုယ်တစ်စိတ်လိုဖြစ်နေပြီး သူငယ်ချင်းဆိုတာထက်ပိုနေတာ သေချာနေတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး၊တစ်ကွက်နင်းစရာရတာနဲ့ တံတွေးခွက်ထဲပက်လက်မျောရမယ့် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လွန်းတဲ့ သူတို့ကျင်လည်ရာ အနုပညာနယ်ပယ်၊ကျီစားသန်လွန်းတဲ့ ကံကြမ္မာကြားမှာ ဒါဝမ်နဲ့ကင်တို့ရဲ့အချစ်က အိပ်မက်ထဲကလိုချိုမြိန်နိုင်မလားဆိုတာ ရှုစားကြပါဦး။