ဇာတ်လမ်းအညွှန်း Seo Hye Ji က Daechi Academyရဲ့ လုပ်သက် ၁၄နှစ်ရှိပြီဖြစ်တဲ့နာမည်ကြီး ကိုရီးယားဘာသာစကားနည်းပြဆရာမတစ်ယောက်ပါ …သူမက ယှဥ်ပြိုင်လိုစိတ်များပြီး ဘယ်တော့မှ အနိုင်မခံ အရှုံးမပေးတတ်တဲ့သူပါ…Lee Joon Ho ကတော့ ကုမ္ပဏီကြီးတစ်ခုကနေ နှုတ်ထွက်ပြီးသူပညာသင်ခဲ့တဲ့ကျောင်းဖြစ်တဲ့ Daechi Academyဆီကို နည်းပြဆရာအဖြစ် ၁၀နှစ်အကြာမှာ ပြန်လာခဲ့ပါတယ်….ဆရာမနဲ့ တပည့်ဟောင်း ပြန်တွေ့ကြတယ်လို့ဆိုရမှာပေါ့…Lee Joon Ho ကျောင်းသားဘဝတုန်းကလည်း ဆရာမက တပည့်ဖြစ်သူကိုကူညီဖေးမခဲ့တာတွေရှိခဲ့ဖူးပါတယ်…ဒီလိုနဲ့ပြန်တွေ့ကြတဲ့အခါမှာတော့….မမနဲ့မောင်မောင်လေးတို့ ကွာဟတဲ့အသက်အပြင်ဆရာတပည့်ပါဖြစ်ခဲ့ဖူးလေတော့…သူတို့(၂)ယောက်ရဲ့ ဆက်ဆံရေးဟာ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့စနေ၊တနင်္ဂနွေပိတ်ရက်မှာ ကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်…