ရပ်ဆဲလ်က PhD ဘွဲ့ မပြီးသေးတဲ့အတွက် သုတေသနရန်ပုံငွေရဖို့ ခက်ခဲနေတဲ့ ပျားမျိုးစိတ် လေ့လာသူ MIT ကျောင်းသားဟောင်းတစ်ယောက်ပါ။ ဆုတံဆိပ်ရ ခွေးမျိုးစပ်မွေးမြူသူ ပတ်တီလို့ခေါ်တဲ့ အမျိုးသမီးကြီးတစ်ယောက်ကသူ့ သုသေသနကိုထောက်ပံ့ဖို့စိတ်ဝင်စားတဲ့အတွက် စကားပြောလိုကြောင်း ဖိတ်ခေါ်လာချိန်မှာတော့ အခက်အခဲဖြစ်နေတဲ့ ရပ်ဆဲလ်ဟာ အဲ့ဒီအမျိုးသမီးကြီးရဲ့ ဝေးလံခေါင်သီတဲ့ ကျေးလက်မွေးမြူရေးခြံကြီးကိုရောက်သွားခဲ့ပါတယ်။ အဲ့ဒီကိုရောက်သွားတဲ့ အချိန်မှာ အမျိုးသမီးကြီးရဲ့ကြောက်စရာ မျိုးဗီဇရွေးချယ်မျိုးပွားမှုအစီအစဉ်ကြီးကိုသိသွားပါတော့တယ်။ ဒါပေမယ့် သူပေးတဲ့ မက်လုံးက တအားမက်မောစရာကောင်းနေတာကြောင့် ရပ်ဆဲလ်တစ်ယောက်ရှေ့ဆက်တိုးမလား နောက်ဆုတ်ရမလား ဝေခွဲမရဖြစ်နေခဲ့ပေမယ့်..။ ဝေဖန်ရေးဆရာတွေက အကောင်းမြင်မှတ်ချက်တွေ အများကြီးရထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းဇာတ်ကွက်ဆန်းသစ်သလို ပတ်တီနေရာက သရုပ်ဆောင်တဲ့ Dot-Marie Jones ရဲ့သရုပ်ဆောင်ချက်ကလည်းသွေးထွက်သံယိုမပါပဲနဲ့ကို ကျောချမ်းစရာကောင်းလှပါတယ်။ မြည်းစမ်းကြည့်သင့်တဲ့ Dark comedy/Psychological horror ကားကောင်းတစ်ကားဖြစ်ပါတယ်။