တန်မီဆိုတဲ့ အမျိုးသမီးဟာ အောင်မြင်တဲ့ ဆိုရှယ်မီဒီယာ Influencerတစ်ယောက်ဖြစ်ပြီး ဂျေဝဲလ်လို့ ခေါ်တဲ့ အိမ်ခြံမြေပွဲစား ချစ်သူကောင်းကိုလည်း ပိုင်ဆိုင်ထားပြီး ဘဝကြီးက သာယာနေပါတယ်။ ဒါပေမဲ့ တန်မီဟာ သူ့ချစ်သူနဲ့တင် တင်းတိမ်နိုင်တဲ့မိန်းမတစ်ယောက် မဟုတ်ခဲ့ပါဘူး။တစ်ခြားယောက်ျားပေါင်းများစွာနဲ့ လူသူမသိအောင် သွားသွားပြီး သာယာတတ်လေ့ရှိပါတယ်။ အဲဒီမှာတင် လုပ်ငန်းပြိုင်ဖက်ကောင်မလေးမီဂန်ဆိုတာ ပေါ်လာပြီး သူ့ အလုပ်တွေကို လုနိုင်တဲ့အဆင့်ထိ ရောက်လာပါတယ်။တစ်ဖက်ကလည်း သူငယ်ချင်းဖြစ်သူက ဒီလိုဖောက်ပြန်နေတာကို သတိထားဖို့ ပြောပေမဲ့လည်း ဆက်ကျူးလွန်တဲ့အခါမှာတော့….။ စကားလုံးရိုင်းရိုင်းတချို့နဲ့ အိပ်ရာပေါ်က အခန်းတချို့ပါတာမို့ မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်တော်တာကို သတိပြုစေလိုပါတယ်။