ရွာရဲ့ရိုးရာအရ မိမိချက်ကြိုးပေါ်မှာ ရေးထိုးထားတဲ့ ယောက်ျားလေးနာမည်နဲ့သာလက်ထပ်ရမှာဖြစ်တဲ့ ဂျူဇယ်တစ်ယောက် တခြားယောကျာ်းလေးအပေါ် ချစ်မိသွားတဲ့အလာ…တစ်ဖက်မှာတော့ ဆိုးဝါးခက်ခဲလှတဲ့ဘဝကနေလွတ်မြောက်ဖို့ နယ်စပ်ကနေအကြိမ်ကြိမ် ကြိုးစားပေမဲ့ တဖက်နိုင်ငံကိုမရောက်ဘဲ တစ်နေ့ ပတ်စ်ပို့အတုတွေနဲ့ နိုင်ငံခြားသွားဖို့ အခွင့်အရေးရလာပေမဲ့ တစ်ယောက်တည်းသာ သွားရမယ်မှန်း ဇာရာသိသွားတဲ့အခါ…မတူညီတဲ့ နေရာဒေသ၊ မတူညီတဲ့ ဘဝဖြတ်သန်းမှုတွေရှိနေပေမယ့် တူညီတဲ့အချစ်ရေးကိစ္စတွေရှိနေတဲ့ စုံတွဲနှစ်တွဲကို တစ်လှည့်စီ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားတဲ့ ဒရာမာကားကောင်းပဲဖြစ်ပါတယ်။