树上有个好地方2:美术老师的放羊班 HD

树上有个好地方2:美术老师的放羊班

Drama HD 2023-07-28 8.3 0 Min

ဘာမှမသိနားမလည်တဲ့ အရိုင်းဆန်တဲ့ ပန်းချီပါရမီရှင်လေးကိုအလယ်တန်းကျောင်းက အနုပညာဆရာကနေပြီး ပျိုးထောင်ပေးတဲ့ကျောင်းသားကားလေး တင်ဆက်ပေးလိုက်ပါတယ်။၁၉၉၀ကျော် ကျေးလက်မှာအနုပညာမဖွံ့ဖြိုးသေးတဲ့အချိန်မှာအလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာပန်းချီကလွဲပြီးကျန်တဲ့စာတွေသင်ဖို့စိတ်မဝင်စားပါဘူး။သိပ္ပံ၊ဝိဇ္ဇာဘာသာတွဲကိုသာအလေးထားတဲ့ ရွာကျောင်းလေးမှာသူဟာသင်းကွဲတစ်ယောက်ဖြစ်နေတော့တာပေါ့။ဆရာတိုင်းကသူ့ကိုအော့ကြောလန်ပြီး ပြဿနာကောင်လို့သဘောထားကြတဲ့အချိန်မှာ မြို့ကနေ အနုပညာဆရာတစ်ယောက်ရောက်လာပါတယ်။အနုပညာကိုအလေးထားရကောင်းမှန်းမသိတဲ့ ရွာကျောင်းလေးမှာအနုပညာဆရာလုပ်ရတာလဲ မလွယ်လှဘူး။ပန်းချီပါရမီရှိတဲ့ကျောင်းသားလေးကို အနုပညာကျောင်းကိုပို့နိုင်ဖို့အတွက်ကြိုးစားကြပုံကို အားတက်စရာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။