Dylan & Zoey HD

Dylan & Zoey

Drama HD 2022-11-11 6 83 Min

ဖတ်ဖူးတဲ့စာသားလေးရှိတယ်။ ပုဆိန်ကမမှတ်မိပေမဲ့ သစ်ပင်ကမမေ့ဘူးတဲ့။လုပ်တဲ့သူကတော့ သူတို့လုပ်ခဲ့တာတွေကို မေ့ပြီးနေနိုင်ပေမဲ့ ခံရတဲ့သူမှာတော့အလဲလဲအကွဲကွဲပါပဲ။ဇိုဝီနဲ့ ဒီလန်က အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်။ အကြောင်းအမျိုးမျိုးကြောင့်ကွဲကွာသွားပြီး ပြန်ဆုံကြတဲ့အခါမှာ လောကဓံရဲ့ထုထောင်းမှုကြောင့် နှစ်ယောက်သားက ဒဏ်ရာတွေကိုယ်စီနဲ့ပါ။အတိတ်ရဲ့အရိပ်မည်းကြီးအောက်ကနေ ရုန်းမထွက်နိုင်တဲ့ သူတို့နှစ်ယောက်က အချင်းချင်းဘယ်လိုကူညီပေးကြမလဲ။ ဘယ်လိုကုစားပေးကြမလဲ။ သင်ဆိုရင်ရော သင့်သူငယ်ချင်းအတွက်ဘယ်အတိုင်းအတာထိ ပေးဆပ်နိုင်မလဲ။