Lokkhi Chhele FHD

Lokkhi Chhele

Drama FHD 2022-08-26 8.3 130 Min

ဒီတစ်ခါမှာတော့ Lokkhi Chheleဆိုတဲ့ အိန္ဒိယဖြစ်ရပ်မှန်ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးပါမယ်။အာမီရ်ဟူစိန်၊ဂါရာထရီနဲ့ ရှီဘာနတ်ဆိုတဲ့ ဂျူနီယာဆရာဝန်သုံးယောက်ဟာသူငယ်ချင်းအမတစ်ယောက် မင်္ဂလာဆောင်သွားရင်း ဟီဂျာဂန်ဆိုတဲ့ရွာထိပ်မှာ ကားပျက်သွားပါတယ်။အဲ့ဒီရွာမှာ အရှင်မလက်ရှ်မီလူပြန်ဝင်စားတယ်ဆိုတဲ့လက်လေးဖက်ပါတဲ့ကလေးကနာမည်ကြီးနေတာပါ။အဲ့လိုနဲ့သူတို့သုံးယောက်ဟာစပ်စုချင်စိတ်နဲ့သွားရောက်လေ့လာခဲ့ပါတယ်။ဒါပေမဲ့ ကလေးကိုမြင်လိုက်တဲ့အခါမှာ အာမီရ်ကကလေးနေမကောင်းဘူးဆိုတာကို သတိထားမိခဲ့ပါတယ်။ဒါဟာ ဘာသာရေးအယူဆတွေနဲ့လည်းမဆိုင်ဘူး။အဲ့ဒီလက်အပိုတွေကို ဖြတ်ထုတ်ပစ်ရမယ်လို့ ရွာကလူတွေကို ပြောခဲ့ပေမယ့်လက်မခံခဲ့ပါဘူး။မျိုးရိုးနိမ့်မိသားစုဟာ လက်ရှ်မီလေးမွေးလာမှ လူရာဝင်ပြီးအများလေးစားခံရတာဖြစ်တဲ့အတွက် အာမီရ်ပြောတာကိုအတင်းငြင်းလွှတ်ခဲ့ပါတယ်။အဲ့တော့ခေါင်းမာတဲ့ အာမီရ် ဘာတွေဆက်လုပ်မလဲဘယ်လိုအခက်ခဲတွေနဲ့ကြုံရမလဲ ကြည့်ရှုရမှာပါ။ဘာသာရေးနဲ့ ဆေးသိပ္ပံပညာတို့ရဲ့ အားပြိုင်မှုလူသားဆန်မှုတွေကို မျက်မြင်တွေ့ရမှာဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်လို့ လက်လွှတ်မခံပဲကြည့်ပေးဖို့ပြောချင်ပါတယ်။