“ကျွန်မဘဝထဲ ဝင်လာတယ် ပိုက်ဆံမပေးဘဲ ပြန်ထွက်သွားတယ်။ဒါဆို ကျွန်မကို အသုံးချနေတာပေါ့” တဲ့။ ပရင့်ဆက်က တရားမဝင်နေထိုင်နေတဲ့ ၁၉ နှစ်အရွယ် ပြည့်တန်ဆာမလေး။တစ်နေ့တစ်နေ့မြို့အစွန်က တောအုပ်နားမှာ ဖောက်သည်တွေရှာရင်း အလုပ်လုပ်တယ်။ တရားမဝင်နေထိုင်သူဖြစ်တဲ့အလျောက် အာဏာပိုင်တွေလာဖမ်းရင်လည်း ထွက်ပြေးရတာပေါ့။တစ်နေ့တော့ ပရင့်ဆက်က သူ့နဲ့အလုပ်တူ သူငယ်ချင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြတယ်။ ဒါကတော့ သူ့မိန်းမကိုယ်က နိုင်ဂျီးရီးယားက တခြားမိန်းမရဲ့ မိန်းမကိုယ်နဲ့ လဲထားတာပါတဲ့။ ဒါကြောင့် ဖောက်သည်တွေနဲ့ ဆက်ဆံတိုင်း သူကဘာမှမခံစားရဘဲ နိုင်ဂျီးရီးယားကမိန်းမကသာ ခံစားရတာမို့ ဒီအလုပ်လုပ်ရတာ တစ်ခါမှမညည်းခဲ့တာပါတဲ့။တစ်ရက်မှာ ပရင့်ဆက်က သူကျက်စားရာ တောထဲမှာ မှိုရှာထွက်တဲ့ယောက်ျားတစ်ယောက်နဲ့ ဆုံပါတယ်။ တစ်ကြိမ်ကနေ နှစ်ကြိမ် သုံးကြိမ်ထိ ခဏခဏ ဆုံဖြစ်ကြတာတောင် ဒီယောက်ျားက ပရင့်ဆက်ကို ရိုးရိုးသားသားပဲ ဆက်ဆံတဲ့အခါ၊ တတိတိနဲ့ ပရင့်ဆက်ဘဝထဲဝင်လာပြီး ပရင့်ဆက်နဲ့ အဆင့်တွေတက်ချင်တဲ့အခါ…..ပရင့်ဆက်ရဲ့လျှို့ဝှက်ချက်ကြောင့် ဘာတွေဖြစ်လာမလဲ။ တရားမဝင်နေထိုင်တဲ့ပြည့်တန်ဆာအလုပ်သမားတွေရဲ့ ကြမ်းတမ်းတဲ့ လူနေမှုဘဝကို မီးမောင်းထိုးရိုက်ကူးထားတာ ဖြစ်ပါတယ်။