ဇာတ်ကားနာမည်ကတော့ Bogowie ပါ။2014 ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 7.6 နဲ့Rotten tomatoes မှာ rating 82% ရထားတဲ့ဇာတ်ကားဖြစ်သလို ပိုလန်နိုင်ငံက ချီးမြှင့်တဲ့ရုပ်ရှင်ဆုတွေအများကြီး ဆွတ်ခူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပိုလန်နိုင်ငံမှာပထမဆုံး နှလုံးအစားထိုးကုသမှုကို ဦးစီးဆောင်ရွက်ခဲ့တဲ့ဒေါက်တာရလီဂါအကြောင်းကို ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းပြောပြရရင် ဒေါက်တာရလီဂါဟာနှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်ပါခွဲစိတ်ဆရာဝန်တစ်ယောက်အနေနဲ့ ခွဲစိတ်မှုများစွာလုပ်ဆောင်ရသလို ခွဲစိတ်မှုမအောင်မြင်ဘဲဆုံးပါးသွားရသူတွေလည်း အများကြီးပါ။ဒေါက်တာရလီဂါဟာ လူတွေ နှလုံးရောဂါကြောင့်မသေကြစေဖို့အတွက်နှလုံးအစားထိုးကုသဖို့စိတ်ကူးကို အကောင်အထည် ဖော်ချင်ခဲ့တယ်။ဒါပေမဲ့ အထက်လူကြီးတွေက လက်အခံခဲ့ပါဘူး။နောက်တော့ ဒေါက်တာရလီဂါက သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့နှလုံးအစားထိုးကုသမှုကို ဆောင်ရွက်ဖို့ လုပ်လက်စ ဆေးရုံက နုတ်ထွက်ခဲ့ပြီးကိုယ်ပိုင်ဆေးရုံတစ်ခု ထောင်ခဲ့ပါတယ်။ဒါပေမဲ့လည်း ဘဝဆိုတာ ထင်သလို မလွယ်ကူတာမလို့ဒေါက်တာရလီဂါတစ်ယောက် ဆေးရုံကို ဦးစီးနိုင်ပါ့မလား၊ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ၊သူ နှလုံးအစားထိုးကုသမယ့် လူနာတွေကရော အသက်ရှင်နိုင်ပါ့မလားဆိုတာကိုဟောဒီ Bogowie ဇာတ်ကားထဲမှာ ပရိသတ်ကြီးတို့ကိုယ်တိုင် ကြည့်ရှုလိုက်ပါ။