အခုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Trust Game ဆိုတဲ့ ဘူဂေးရီးယားဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးကတော့ စိတ်ဓာတ်ကြံ့ခိုင်သန်မာတဲ့အမျိုးသမီးနှစ်ယောက်သူတို့ဘဝလွတ်လပ်မှုရဖို့ကို ဘယ်လိုရှာဖွေကြိုးပမ်းမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်……ဒီအမျိုးသမီးနှစ်ယောက်ကတော့ ဒန်နီရယ်လာနဲ့ အယ်လီနာဆိုတဲ့ အမျိုးသမီးနှစ်ယောက်ပဲဖြစ်ပါတယ်သူတို့နှစ်ယောက်က တကယ်တော့သားအမိပါ။ဇာတ်လမ်းလေးကို အယ်လီနာတစ်ယောက် မျက်နှာမှာ ဒါဏ်ရာဒဏ်ချက်တွေနဲ့ ရဲစခန်းမှာ စစ်ဆေးမေးမြန်းခံနေရတာနဲ့ စတင်ဖွင့်ထားပါတယ် အဲ့ကနေမှ အယ်လီနာတစ်ယောက်သူ့ရဲ့အိမ်ထောင်ရေးမှာဘယ်လိုတွေဖြစ်ခဲ့တာလဲ သူငယ်ငယ်က သူ့အမေရဲ့ဘဝကရောဘယ်လိုလဲ သူ့အမေ ဒန်နီရယ်လာက သူမကို ယုံကြည်မှုကစားပွဲဆိုပြီး မိတ်ဆက်ပေးခဲ့ပါတယ် ယုံကြည်မှုကစားပွဲဆိုတာဘယ်လိုမျိုးလဲ……..အမေရော သမီးရော သူတို့ရဲ့ဘဝတွေကို ယောက်ျားတွေရဲ့ ဖိနှိပ်မှုကနေ လွတ်လပ်အောင် ဘယ်လိုတွေကြိုးပမ်းရမလဲဆိုတာကို အမေရဲ့ ဘဝရော သမီးရဲ့ ဘဝရောကို တစ်လှည့်စီစိတ်ဝင်စားဖွယ်ကောင်းအောင်ရိုက်ကူးပြထားတာဖြစ်ပါတယ်…….