Castတွေအနေနဲ့ တူရကီနိုင်ငံရဲ့ ရတနာ အနုပညာရှင်တွေဖြစ်ကြတဲ့ Ercan Kesal, Sarp Akkaya, Su Burcu Yazgı Coskun, Aleyna Özgeçenနဲ့ Füsun Demirel အစရှိတဲ့အကျော်ဇေယျတွေချည်းပါပဲ။မူဆာ ဆိုလက်က ခွန်းညအကျဉ်းထောင်မှာ ထောင်ဒဏ် အကြာကြီး အကျဉ်းကျခံနေရတဲ့ အကျဉ်းသားပါ။ သူ ထောင်ကျနေတာ ဘယ်လောက်တောင်ကြာပြီလဲဆိုတာ Spotify ကိုတောင် သူ မသိပါဘူး။ဒါပေမယ့် တစ်နေ့မှာတော့ မူဆာရဲ့ မယားဖြစ်သူ ဆုံးသွားပြီးနောက် အဖော်မဲ့နေတဲ့ သူ့ရဲ့သမီးလေး ရွန်းဂျာ ဆီကို တစ်ရက်ပြန်ခွင့်ရလာပါတယ်။ မူဆာကို စောင့်ကြည့်ဖို့ ဆီးဒတ် ယူဂျယ်လို့ ခေါ်တဲ့အကျဉ်းထောင်စောင့် ပုဂ္ဂိုလ်က လိုက်ပါရပါတော့တယ်။ သမီးဖြစ်သူကို မွေးပြီးကတည်းက မမြင်ရတော့တဲ့ မူဆာတစ်ယောက် သမီးလေးကို အိမ်ပြန်ပြီး သွားကြည့်တဲ့ ခရီးစဉ်လေးကသာမန်ခရီးစဉ်မဟုတ်တော့တဲ့အခါ ….. သူထောင်ထဲရောက်နေတဲ့အချိန်၊ သူ အပြင်မှာ မရှိခိုက် ဖြစ်ပျက်သွားတာတွေက ဘာတွေလဲ …. မူဆာ တစ်ယောက် ဘာတွေကိုလွတ်သွားတာလဲ ….သူ့ဘေးနားက လူတွေက သူ့ကို ဘာတွေဖုံးကွယ်ထားကြတာလဲ ……Personally အရ ပြောရရင် ဒီရုပ်ရှင်က အင်မတန်တဲ့ကောင်းတဲ့ထဲမှာ ပါပါတယ်။ ဘာသာပြန်လာတဲ့တစ်လျှောက်မှာ ဒီရုပ်ရှင်ကိုသဘောအတွေ့ဆုံး၊ အကြိုက်မိဆုံးပါ။ ရိုးရိုးအေးအေး Plotလေးလို့ ထင်လိုက်တာကနေ တဖြည်းဖြည်းနဲ့ ဇာတ်ကို ဆွဲခေါ်လာပြီး Plotကို ပြောင်းချသွားတာက လက်ဖျားခါလောက်ပါတယ်။ဇာတ်အိမ်အပြင် ဇာတ်ဝင်သီချင်းကလည်း ဇာတ်လမ်းကို အမြင့်ဆုံးကို ဆွဲခေါ်သွားနိုင်ခဲ့တယ်။ Emotion ကို ရိုလာကိုစတာ စီးသလိုမျိုး အနိမ့်အမြင့် အတက်ကျဖြစ်အောင် ပုံဖော်သွားနိုင်တာကြောင့်ဒါရိုက်တာ Mehmet Ada Öztekinကို အရမ်း ဂုဏ်ပြုမိပါတယ်။ ဒီရုပ်ရှင်က ကြည့်ရတာ အင်မတန်ကိုမှ တန်တဲ့ရုပ်ရှင်ကားဖြစ်တယ်လို့ ပြောရင်း နိဂုံးချုပ်ပါရစေ။