လူတိုင်းမှာ လျှို့ဝှက်ချက်တစ်ခုစီတော့ရှိစမြဲပါပဲ။ မိသားစုဝင်တွေ၊ ချစ်ရတဲ့သူတွေ၊အရင်းနှီးဆုံးသူငယ်ချင်းတွေကိုတောင် ထုတ်မပြောဖြစ်တဲ့ လျှို့ဝှက်ချက်တွေထဲကမှအနက်နဲဆုံးအလျှို့ဝှက်ဆုံးအရာတွေပေါ့။ ဒီဇာတ်ကားထဲမှာတော့ အဲလိုလျှို့ဝှက်ချက်မျိုးတွေထဲကမှ လိင်ပိုင်းဆိုင်ရာလျှို့ဝှက်ချက်တွေကို တူဝရီးနှစ်ယောက်တိုင်ပင်ပြောဆိုကြတဲ့ပုံစံနဲ့ ကြည့်ရှုရမှာပါ။ ပါဝင်တဲ့အသုံးအနှုန်းနဲ့ ပြကွက်တချို့ကြောင့် ကလေးသူငယ်တွေ၊ မိသားစုတွေနဲ့ အတူကြည့်လို့ရမဲ့ကားမျိုးမဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ဇာတ်ညွှန်းကတော့ဒီလိုပါ။ နစ်ခ်က Pansexual မော်ဒယ်ဟောင်းတစ်ယောက်။ လက်ရှိမှာတော့ အပြာကာတွန်းရေးဆရာအဖြစ် အသက်မွေးတယ်။ သူ့ရဲ့အဒေါ်ပရီယာ(ဦးလေးအရင်းရဲ့မိန်းမ)က စာရေးဆရာမ။ တစ်နေ့ကျ သူ့စာမူကြမ်းအတွက် အိမ်ကိုဖိတ်ပြီး နစ်ခ်ရဲ့Pansexuality နဲ့ အလုပ်အကိုင်အကြောင်း၊ ဘဝအကြောင်းတွေ အင်တာဗျူးတယ်။တစ်ကားလုံး လူနှစ်ယောက်တည်းစကားပြောသွားတာဆိုပေမဲ့ လူတွေရဲ့တကယ့်အမှောင်ဘက်ခြမ်း၊ လိင်စိတ်တိမ်းညွတ်မှုတွေ၊ လူ့အသိုင်းအဝိုင်းမှာ ရှက်စရာလို့သတ်မှတ်ပြီး တော်ရုံတန်နဲ့ ပါးစပ်ကနေတောင် ထုတ်ပြောလေ့မရှိကြတဲ့ လျှို့ဝှက်ချက်တွေ၊ ကလေးဘဝတုန်းကရင်းနှီးသူတွေဆီကနေ ကိုယ်တိုင်တောင်မသိဘဲ Abuseလုပ်ခံရတာတွေကို ပါးပါးနပ်နပ်ချပြသွားတာမျိုးပါ။ ကြည့်ရှုခံစားကြည့်လိုက်ကြပါဗျာ။