အစ္စရေးစကားပြော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ အစ္စရေးနဲ့အရှေ့အလယ်ပိုင်းအာရပ်နိုင်ငံတွေဆိုတာ LGBT လိင်တူစုံတွဲကို ပိတ်ပင်တားမြစ်ထားတာလူအများသိပါပဲ။ ဒါပေမယ့် အစ္စရေးနိုင်ရဲ့ ဆီနိုင်ရပ်ကွက်ထဲကိုပြောင်းလာတဲ့ Gay Couple ဟာ ဘဝတစ်ခုကိုစတင်ဖို့ ကြိုးစားပါတယ်။ နောက်ပိုင်းမှာ အငှားကိုယ်ဝန်နဲ့ ကလေးယူဖို့ စီစဉ်လာကြတယ်။တစ်နေ့မှာ ဘန်က သူစိုက်ထားတဲ့ သစ်ပင်ကို လူမည်းလူငယ် ၂ ယောက်ဖျက်စီးနေတာကို တွေ့ပြီး ရဲတိုင်လိုက်ရာကနေ police brutality ဆိုတဲ့ရဲအင်အားအကြမ်းဖက်မှုဖြစ်ပြီး တရားခံသေဆုံးသွားပါတယ်။ ဒီအတွက်ဘန်ဟာ အပြစ်ရှိစိတ်တွေဝင်ပြီး ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှုတွေကြုံလာရပါတယ်။ အားလုံးက ဝိုင်းကျဉ်နေကြတဲ့ ဒီပတ်ဝန်းကျင်မှာ သူတို့နှစ်ယောက်ဘယ်လိုမျိုး survive လုပ်သွားမလဲဆိုတာကိုကြည့်ရှုရမယ့် ကားကောင်းလေးဖြစ်ပါတယ်။