Lesbian ဖြစ်တဲ့ တေလာက သူ့ကောင်မလေး ဂျက်စ်နဲ့ပြတ်ပြီးမကြာခင်မှာပဲ သူအဆက်အသွယ်ဖြတ်ထားတဲ့မိဘတွေဆီက ခရစ္စမတ်ကိုလာဖို့ဖိတ်ခံရတယ်။ သူ့ကောင်မလေး ဂျက်စ်ကိုပါ ခေါ်ခဲ့ပါတဲ့။ တေလာလည်းသူ့မိဘတွေကို အဖြစ်မှန်ပြောရမှာ ရှက်တာနဲ့ ခေါ်လာမယ်ဆိုပြီး ပြောလိုက်ရာကနေ ဇာတ်လမ်းစတော့တာပါပဲ။နောက်ဆုံး ကြံရာမရတဲ့အဆုံး တေလာ့သူငယ်ချင်းက သူ့ရည်းစားဟောင်းဂျက်စ်နေရာမှာ သရုပ်ဆောင်ပေးဖို့ မိန်းကလေးတစ်ယောက်လိုကြောင်းသတင်းစာမှာကြော်ငြာပါတော့တယ်။ အဲဒီကြော်ငြာကို သရုပ်ဆောင်ဝါသနာပါပြီး ငွေလိုနေတဲ့ အိုလစ်ကတွေ့တော့ တေလာဆီကို အလုပ်စိတ်ဝင်စားကြောင်း ပို့လိုက်တယ်။ အဲဒီလိုနဲ့ပဲ တေလာနဲ့ အိုလစ်တို့ တေလာ့မိဘတွေကိုလိမ်ဖို့ ကြိုးစားရင်း ဘယ်လိုချစ်စရာကောင်းတဲ့ဇာတ်လမ်းတွေဖြစ်မလာမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။