ဒီဇာတ်လမ်းကို ဒါရိုက်တာ အာသာပန်က ရိုက်ကူးထားတာ ဖြစ်ပြီးမင်းသမီး အန်းဘန်ခရော့ထ်နဲ့ ပတ်တီဒုခ်တို့က အဓိက သရုပ်ဆောင်ထားပါတယ်။၁၉၆၂ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဂန္ထဝင်ဇာတ်ကားတစ်ကား ဖြစ်ပြီးသရုပ်ဆောင်တွေရဲ့ အကောင်းဆုံးသော တင်ဆက်မှုတွေကို ခံစားကြရမှာပါ။ ဒီဇာတ်လမ်းက လူတိုင်းနဲ့ မစိမ်းတဲ့သူ၊ စာပေနိုဗယ်ဆုမရရှိခဲ့ပေမဲ့ဆန်ကာတင်စာရင်းထဲထိ ပါဝင်နိုင်ခဲ့တဲ့ မျက်မမြင်စာရေးဆရာမ ဟယ်လင်ကယ်လာရဲ့ ငယ်ဘဝဇာတ်ကြာင်းကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။လူတိုင်းလေးစားရတဲ့ ဟယ်လင်ကယ်လာရဲ့သနားစရာရုန်းကန်လှုပ်ရှားခဲ့ရတဲ့ အချိန်အပိုင်းအခြားတစ်ခုကိုအံ့ဩမှင်သက်စွာ ခံစားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မွေးကင်းစ အရွယ်မှာနေမကောင်းဖြစ်ပြီး မျက်စိကွယ်၊ နားမကြားဖြစ်သွားရတဲ့ဟယ်လင်ကယ်လာလေးကို အန်နီ ဆော်လီဗန်ကသင်ကြားပေးဖို့ ဖြစ်လာပါတယ်။ ငယ်စဉ်ကတည်းက မျက်မမြင်ဖြစ်တဲ့ အန်နီဆော်လီဗန်ဟာဟယ်လင်ကယ်လာလေးကို ကမ္ဘာကြီးမှာရှိသမျှအရာတွေအားလုံးကို သိစေချင်စိတ် ဖြစ်လာခဲ့ပါတယ်။သင်ကြားပေးရာမှာလည်း မသန်စွမ်းသူတစ်ယောက်အနေနဲ့ မဟုတ်ဘဲသာမန်လူတစ်ယောက်လို ဘဝကို ဖြတ်သန်းနိုင်ဖို့ သင်ကြားပေးခဲ့ပါတယ်။ဟယ်လင်ကယ်လာလေးကို သနားချစ်နဲ့ အလိုလိုက်ထားတဲ့မိဘတွေနဲ့ ကလေးကို သင်ကြားပေးချင်တဲ့ စေတနာအပြည့်နဲ့ဆရာမကြားမှာ အပြိုင် လွန်ဆွဲနေကြတဲ့အကြောင်းကို ရသစုံလင်စွာ ကြည့်ရှုရမှာပါ။