Sur Les Chemins Noirs ဆိုတဲ့ ဇာတ်ကားက သာမန် မြင်တွေ့နေကြဇာတ်ကားမျိူး မဟုတ်ပါဘူး။ ၂၀၂၃ မှာ ထွက်ရှိထားတဲ့ ဒီဇာတ်ကားလေးကသာမန် ဇာတ်ကားတွေလို ဇာတ်လမ်းကို အသားပေးထားတာဆိုတာထက်ကြည့်ရှုသူကို အတွေးရေစီးကြောင်းထဲမှာ နှစ်မျောစေမဲ့ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ပြင်သစ်တွေက သိတဲ့အတိုင်း အနုပညာဘက်ဆို အရမ်းကိုကောင်းမွန်တာမို့ ဒီကားလေးကလည်း ပြင်သစ်ကားပီပီရင်ဘက်ထဲရောက်မဲ့အနုပညာလေးတစ်ခုဖြစ်ပါတယ်ပြောပြရမယ်ဆိုရင် Pierre ဆိုတဲ့ ပြင်သစ် စာရေးဆရာတစ်ယောက်ဟာမတော်တဆမှု တစ်ခုဖြစ်ပြီး လမ်းမလျှောက်နိုင်လောက်အောင်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမဲ့ နည်းနည်းသက်သာလာတဲ့အချိန်မှာ အားလုံးတားနေတဲ့ကြားကပြင်သစ်နိုင်ငံကို လမ်းလျှောက်ပြီးဖြတ်ကျော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ ဘာအကြောင်းတွေကြောင့်ဒီလိုဆုံးဖြတ်ခဲ့တာလဲ လမ်းခရီးမှာရော ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲစတာတွေကို ဇာတ်ကားတစ်လျှောက်လုံး ပြင်သစ်နိုင်ငံရဲ့ လှပတဲ့ သဘာဝတရားတွေပြည်သူတွေရဲ့ဘဝကို ကြည့်ရမှာဖြစ်ပြီးကြည့်ရှုသူရဲ့ အတွေးကို ထိစေမှာ ဖြစ်လို့ရင်ထဲရောက်မဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။