In My End Is My Beginning HD

In My End Is My Beginning

Drama HD 2013-04-04 5 87 Min

အခုတင်ဆက်ပေးလိုက်တဲ့ကိုရီးယားကားလေးကတော့၂၀၀၉ ခုနှစ်မှာ ဒါရိုက်တာ Min Kyu Dong ရဲ့ လက်ရာဖြစ်တဲ့ Short film လေးကို လူကြိုက်များတဲ့အတွက်Full length version အနေနဲ့ ပြန်လည်ရိုက်ကူးခဲ့ပြီး ၂၀၀၉ ဘူဆန်ရုပ်ရှင်ပြပွဲမှာ ထုတ်ပြခဲ့ပါတယ်။၂၀၁၃ ခုနှစ်မှာတော့ ရုံတင်ခဲ့ပြီး Box office မှာ ဒေါ်လာ ၂ မီလီယံကျော်ထိပြန်လည်ရရှိခဲ့တဲ့ကားဖြစ်ပါတယ်။မင်းသားကြီး Hwang Jung Min ၊ မင်းသမီး Uhm Jung Hwa နဲ့Castway Div‌a ထဲက အချောလေးဖြစ်တဲ့ ရန်ဂျူး (Kim Hyo Jin)အစရှိတဲ့ ဒိတ်ဒိတ်ကြဲတွေက ပါဝင်ထားပြီး သရုပ်ဆောင်ပြောင်မြောက်လွန်းတဲ့အတွက် ဝေဖန်ရေးဆရာတွေကတောင် ချီးကျူးတဲ့အထိပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ Hwang Jung Min က ဝတ္ထုဆရာအနေနဲ့ စိတ်ကူးထက်သန်တဲ့သူတစ်ယောက်ပါ။သူ့အနေနဲ့ လက်တွေ့ဆန်ရလောက်အောင် ရေးတတ်ပြီးတော့ ပတ်ဝန်းကျင်ကတောင် ‌မျောပါလောက်အထိ ရေးတတ်ပါတယ်။သူ့ ဝတ္ထုထဲမှာ‌တာ့ သူ့အနေနဲ့ လက်ရှိမိန်းမဂျောင်းဟာနဲ့ နေရတာ မပျော်ဘဲနာရူဆိုတဲ့ ကောင်မလေးနဲ့ဖောက်ပြန်ပြီး စိတ်ပျော်အောင် နေတတ်တာပါ။ဇာတ်လမ်းထဲမှာ မင်းသားမတော်တဆဖြစ်ပြီး သေသွားတဲ့အခါမှာ နာရူလေးက ဂျောင်းဟာအိမ်ကိုရောက်ရှိလာပါတော့တယ်။အဲမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ။မယားကြီးနဲ့ တိတ်တိတ်ပုန်းကောင်မလေးတို့ ဇာတ်လမ်းက ဘယ်လိုဆက်သွားမလဲဆိုတာကိုတော့ ပရိသတ်များကပဲ ဆက်ပြီးကြည့်ရှုပေးပါဦးနော်။