Poor Boy HD

Poor Boy

Drama HD 2018-07-13 7.5 0 Min

မိသားစုဆိုလို့ သူတို့နှစ်ယောက်လွဲပြီး ဘယ်သူမှမရှိတော့တဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ သံယောဇဉ်အကြောင်းကို အသားပေးပြီးရိုက်ကူးထားတဲ့ Western, Dramaအမျိုးအစားကားတစ်ကားပါပဲဇာတ်လမ်းအညွှန်းကတော့ ညီအစ်ကိုနှစ်ယောက်ဟာ သူတို့မိဘတွေမရှိတဲ့နောက်မှာ လှေအစုတ်ကြီးတစ်စီးကိုငှားပြီး အိမ်သဖွယ်နေထိုင်ကာ ပိုက်ဆံရဖို့ဆို ဘာမဆိုလုပ်ပြီးပေပေတေတေပဲနေခဲ့ကြပါတယ် သူတို့ဟာ ပေပေတေတေနေကြပေမဲ့ သူတို့မှာ အမြဲဖြစ်ချင်တဲ့ အိပ်မက်တစ်ခုတော့ရှိပါတယ်။ ထိုအိပ်မက်က လှေအစုတ်ကြီးကို ပြန်ပြုပြင်ပြီး ကယ်လီဖိုးနီးယားကိုရွက်လွှင့်သွားချင်တာပါ။ဖြစ်ချင်တော့ သူတို့လှေကို ပြန်မပြင်နိုင်ခင်မှာပဲ ပိုက်ဆံမရှိရင် လှေကိုလက်လွှတ်ရမဲ့အကြောင်းဖန်လာပါတော့တယ်။ အဲ့ဒါနဲ့ သူတို့လဲ လှေကိုလက်မလွတ်ရဖို့ ပိုက်ဆံအများကြီးကိုဘယ်လိုရှာမလဲနောက်ဆုံးမှာ ကယ်လီဖိုးနီးယားကို ရောက်သွားမှာလားဆိုတာကို ညီအစ်ကိုသံယောဇဉ်နဲ့ရောနှောပြီး ရိုက်ပြထားပါတယ်။