ဆွံ့ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ မိသားစုသံယောဇဉ်တွေနဲ့ ကလေးတယောက်ရဲ့မေတ္တာကိုပုံဖော်ထားတဲ့ တမီလ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။“ငါ့ခြံထဲမှာ ဥတဲ့ဥ ငါ့ကြက်မရဲ့ ဥ”ဆိုတဲ့ အရိုးရဲ့သီချင်းလေးလိုပဲ။ဒီဇာတ်လမ်းလေးထဲမှာတော့ ငါ့ကြက်မရဲ့ဥကို ငါ့သမီးလေးအထင်နဲ့ ပြုစုစောင့်ရှောက်နေတဲ့ကလေးငယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်း။ကိုယ့်ကိုယ်ကိုယ်ထက် တူတူမတွေကို ပိုပိုပြီးချစ်ကြတဲ့ ဦးလေးဖြစ်သူတွေရဲ့ဇာတ်လမ်း။ကလေးတစ်ယောက် ဘယ်လိုမွေး။ အနမ်းတစ်ပွင့်ကနေ မွေးပါသတဲ့။ဒါက သွားတူလာတူနေနေကြတဲ့ ကလေးနှစ်ယောက် ထိုင်ပြောနေတဲ့စကားတွေ။ဒီကနေပဲ ဦးလေးဖြစ်သူပေးတဲ့ ကြက်မလေးကို ချစ်လွန်းလို့ နမ်းလိုက်မိရာကစဘော်ဒါဘော်ကျွတ်ပြောထားတဲ့ အနမ်းကြောင့် ရင်သွေးလေးရတယ်ဆိုတဲ့စကားကိုသတိရပြီးကြက်မလေးကနေ သူ့ကလေးမွေးမယ်လို့ထင်ပါလေရော။အဲဒါအပြင် ရွာပြင်မှာရှိတဲ့ ကျောက်တုံးအကြီးကြီးအောက်မှာက ရတနာသိုက်ရှိပါတယ်ဆိုတဲ့ကောလဟာလလိုလို ဘာလိုလိုကလည်း ရှိပြန်ရော။ဒီလိုအရှုပ်ထုတ်တွေကြားထဲမှာမှ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာ ပြုံးရွှင်စွာနဲ့ခံစားကြည့်ရှုကြပါဦးလို့။