It's Only the End of the World HD

It's Only the End of the World

Drama HD 2016-08-26 7.231 98 Min

ဒီတစ်ခါတော့ 1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Jean-Luc Lagarce ရဲ့It’s only the end of the world ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပြီးရိုက်ကူးထားတဲ့ dramaဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။Rating အနေနဲ့လည်း IMDb rating 6.8, Rotten Tomatoes rating 44% နဲ့FilmAffinity rating 6.2ရရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ အကြောင်းမျိုးစုံကြောင့် အိမ်ကနေထွက်လာခဲ့တဲ့ လူဝီက မိသားစုနဲ့စာအပေးအယူဆက်ဆံရေးပဲ ရှိခဲ့ပါတယ်။ စာအပေးအယူလို့ ပြောပေမယ့်လည်း လူဝီကတော့နှစ်လုံးသုံးလုံးလောက်ပဲ ပြန်ရေးပေးတတ်တာမျိုးပါ။ ဒီလိုမျိုး ၁၂နှစ်တိုင်တိုင်ကြာသွားတဲ့အချိန်မှာတော့လူဝီ့မှာ သေလုမြောပါး‌ရောဂါရှိနေကြောင်း သိလာရပါတော့တယ်။ခလုတ်ထိမှ အမိ တ ဆိုသလိုပဲလူဝီတစ်ယောက်သေရတော့မှာကို သိတဲ့အချိန်မှမိသားစုအိမ်ကိုပြန်ပြီးမိသားစုဝင်တွေနဲ့ ပြန်လည်တွေ့ပါတော့တယ်သွေးသားအရင်းအခြာတွေဆိုပေမယ့်နှစ်ပေါင်းများစွာဝေးကွာနေခဲ့တဲ့အတွက်သူစိမ်းသာသာဆက်ဆံရေးပဲရှိတော့တဲ့ကြားကလူဝီတစ်ယောက် ဘယ်လိုမျိုး ဖြေရှင်းပြီးရင်းနှီးမှုတွေပြန်ယူမလဲဆိုတာကိုတော့ဇာတ်ကားလေးထဲမှာကြည့်ရှုအဖြေရှာကြစို့ပါဗျာ။ ပညာပေးဇာတ်လမ်းမဟုတ်ပေမယ့် ကြည့်ရှုသူပရိတ်သတ်ကြီးအနေနဲ့ဒီကားလေးကိုကြည့်ရင်းနဲ့အသိပညာတစ်ခုခုရသွားမယ်လို့ မျှော်လင့်ပါတယ်ဗျာ