ဒီတစ်ခေါက်မှာတော့ Imdb 8.1 ရထားပြီး အတော်လေးကြည့်ကောင်းတဲ့musical ပြဇာတ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ Waitress (2007) ကိုပြန်လည်ဖန်တီးရိုက်ကူးထားပြီး ဒီပြဇာတ်ထဲက သရုပ်ဆောင်တွေရဲ့ Vocalလည်း အတော်ကောင်းကြပါတယ်။ ပြဇာတ်တစ်လျှောက်လုံး ဟာကွက်မရှိအောင်ကို အတော်လေးသေသေသပ်သပ် ကပြဖျော်ဖြေသွားတာကတော့တကယ့်ကိုချီးကျူးစရာပါ။ပြဇာတ်အကျဥ်းကတော့ မြို့ငယ်လေးမှာ မကောင်းတဲ့အိမ်ထောင်သည်ယောကျ်ားနဲ့ရုန်းကန်နေရတဲ့ စားပွဲထိုးမလေး Jenna မှာ ကိုယ်ဝန်ရလာခဲ့တယ်။ Jenna ကပိုင်မုန့်တွေဖုတ်တာ အရမ်းတော်ပြီး တစ်နေ့မှာ ကိုယ်ပိုင်ဆိုင်ခန်းဖွင့်ဖို့ အိပ်မက်မက်နေတဲ့သူပဲဖြစ်ပါတယ်။ အဲဒီအချိန် Jenna သူ့ကိုယ်ဝန်အတွက်ဆေးခန်းပြရင်းသူတို့မြို့ဆီမကြာသေးခင်ကပြောင်းလာတဲ့ ဆရာဝန် Pomatter နဲ့ တွေ့ဆုံလာခဲ့တယ်။ နောက်ပိုင်းမှာတော့ Jenna ရဲ့ အဆင်မပြေတဲ့အိမ်ထောင်ရေး၊ ဆရာဝန်အသစ်လေးနဲ့ ပေါ်ပေါက်လာတဲ့ခံစားချက်တွေအပြင် Jenna သူ့ရဲ့အိပ်မက်နောက်ကိုလိုက်ဖို့ ဘယ်လိုခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရမလဲဆိုတာကို လူ့သဘာဝဖြစ်စဥ်တွေနဲ့ ရသစုံလင်စွာ ဆက်လက်ကြည့်ရှူနိုင်ပါတယ်။