Oslo, August 31st HD

Oslo, August 31st

Drama HD 2011-08-31 7.45 94 Min

ဟိုးအရင်နှစ်က အော်စကာရဲ့ အင်တာနေရှင်နယ်ဖီးချားမှာ ဆန်ခါတင်ဝင်ခဲ့ပြီး သူနဲ့အပြိုင်ကားက Drive My Car ဖြစ်နေတာကြောင့် ဆုမရသွားခဲ့တဲ့ The Worst Person in the World ကိုသိကြမှာပါ။ The Worst Person in the World ရဲ့ ဒါရိုက်တာ Joachim Trier မှာ Oslo Trilogy ဆိုတဲ့ အော့စလိုမြို့နဲ့ဆက်စပ်နေတဲ့ ဘဝတို့အချစ်တို့အကြောင်း ရုပ်ရှင်သုံးကားရှိတယ်။Reprise (2006), Oslo, August 31st (2011) နဲ့ The Worst Person in the World (2021) တို့ပါပဲ။ The Worst Person in the World (2021) ကိုသဘောကျတဲ့လူတွေတော့ ဒီကားကို သဘောကျကြလိမ့်မယ်။ အကြောင်းအရာကတော့ The Worst Person in the World နည်းတူ ရိုးရိုးရှင်းရှင်းလေးပဲ။ သာမန်လူတစ်ယောက်ရဲ့စိတ်ခံစားချက်တွေအကြောင်းပဲ။ ဒီထက် ဘာမှပိုမပါဘူး။တစ်ခုရှိတာက သူ့တင်ပြပုံက ရိုးရိုးရှင်းရှင်းလေးနဲ့ကို ဇာတ်ကောင်ရဲ့ မရေရာခြင်းနောက်ကနေ သေချာတဲ့ ခံစားချက်တစ်ရပ်ပေးသွားတယ်။ TWPitWနဲ့ မတူတာက Olso Trilogy ပီသအောင်ပဲ အော့စလိုမြို့က အမှတ်တရတွေ အော့စလိုမြို့ရဲ့အရိပ်တွေအကြောင်း ပြထားတယ်။ TWPitW နဲ့တူတာက ဇာတ်ကောင်တွေရဲ့စိတ်ခံစားချက်အမြင့်ဆုံးအချိန်တွေကို အော့စလိုရဲ့ လှပတဲ့နေရာတွေနဲ့ အမြဲတွဲပြသွားတာပါပဲ။Trier ရဲ့ တခြားကားတွေနဲ့မတူဘဲ Olso မှာ ပြင်သစ်ဒါရိုက်တာ Louis Malle ရဲ့ ၁၉၆၃မှာထွက်ခဲ့တဲ့ TheFire Within ဆိုတဲ့ ရုပ်ရှင်ကို နည်းနည်းမှီးထားသလို Homage လည်း ပေးထားတယ်။ နောက် ဒီရုပ်ရှင်ရဲ့ ကျောရိုးကိုက Will o’ the Wisp ဆိုတဲ့ ပြင်သစ်စာအုပ်ကိုပဲ နည်းနည်းမှီးထားတယ်။အဲဒီစာအုပ်ကတော့ သတ်သေဖို့ကြံထားတဲ့ အရက်စွဲနေတဲ့ စာရေးဆရာတစ်ယောက်က နောက်ဆုံးအနေနဲ့ သူနဲ့သူစိမ်းပြင်ပြင်ဖြစ်နေခဲ့တဲ့ သူချန်ရစ်ခဲ့တော့မယ့် ကမ္ဘာကြီးနဲ့လူတွေနဲ့ နောက်ဆုံးအနေနဲ့တစ်ခေါက်လောက် ပြန်ချိတ်ဆက်ကြည့်တဲ့အကြောင်းပေါ့။ ဒီရုပ်ရှင်က ဒီလိုအကြောင်းအရာကိုပဲ ဆေးသမားတစ်ယောက်နဲ့ အော့စလိုမြို့ကို ပြန်ပြောင်းဖော်ပြထားတယ်။ ပြောရရင် ဒီရုပ်ရှင်က သမုဒ္ဒရာထဲစုန်းစုန်းမြုပ်တော့မယ့်လူတစ်ယောက်က နောက်ဆုံးကောက်ရိုးလေးတစ်မျှင်ကို လှမ်းဆွဲကြည့်ခဲ့တဲ့အကြောင်းပေါ့။