Naal 2 HD

Naal 2

Drama HD 2023-11-10 8.3 130 Min

လတ်တလော တောင်းဆိုမှုအများဆုံးဇာတ်ကားဖြစ်ပြီး IMDbကအစမိမိုက်နေတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်က ၂၀၁၉ခုနစ်မှာကျင်းပတဲ့ ၆၆ကြိမ်မြောက်ရုပ်ရှင်ဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့Naal(2018)ရဲ့ အဆက်ပေါ့။ အဆက်ဆိုပေမဲ့ သူ့ချည်းပဲ ကြည့်လို့ရတဲ့ရုပ်ရှင်လည်း ဖြစ်ပါတယ်။ချိုင်တယာတို့မိသားစုက ရွေးကောက်ပွဲနီးလို့ ဇာတိရွာဆီကို ပြန်လာကြပါတယ်။အဖေဖြစ်သူက ရွေးကောက်ပွဲဝင်ပြိုင်မဲ့အမတ်လောင်းတစ်ယောက်ပေါ့။ရွာဓလေ့အတိုင်း အမျိုးတွေ လက်ညှိုးထိုးမလွဲဆိုတော့ချိုင်တယာတစ်ယောက် ကလေးပီပီပျော်ရပါရောလား။ချန်မ်နီဆိုတဲ့ ကလေးမလေးကို ချိုင်တယာတစ်ယောက်သူ့ညီမလေးအရင်းလို တုန်နေအောင်ချစ်မိသွားပါရော။ကလေးမလေး အိပ်နေရင်တောင်ဘေးကတစ်စိမ့်စိမ့်ထိုင်ကြည့်နေမိတဲ့ ချစ်မိတဲ့အစ်ကိုတစ်ယောက်ရဲ့ ၅၂၈မေတ္တာတွေနဲ့ပေါ့။ချန်မ်နီလေးကတော့ သူ့အစ်ကိုအရင်း မာနီကလွဲရင် ချိုင်တယာလေးကို အဖက်တောင်မလုပ်။ဒီလိုကလေးတွေကြားက ဖြူစင်တဲ့မေတ္တာလေးတွေရဲ့တစ်ဖက်မှာ ချိုင်တယာ့အဖေဖြစ်သူကမိသားစုမှာအစ်ကိုကြီးဖြစ်နေတော့အမွေကိစ္စတွေ ရှုပ်ထွေးလာပါတော့တယ်။မောင်နှမအရင်းမဟုတ်ပဲ မောင်နှမအရင်းအချာလို ဖြူစင်စွာနဲ့ သဲသဲလှုပ်ချစ်မိတဲ့ချိုင်တယာရယ် မောင်နှမအရင်းတွေတန်မဲ့ အမွေတွေလုရင်း ပြဿနာတွေတက်ရတဲ့အဖေဖြစ်သူတို့ကြားက ပြဿနာများစွာကို ကြည့်ရှုခံစားရမှာပါ။