ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာတစ်ယောက်က ဘာသာရေးကင်းမဲ့ဇုန်မှာ တရားဟောပြောဖို့အတွက် မိုဘိုကိုဆိုတဲ့ ဘာသာရေးကင်းမဲ့ပြီး လုံးဝကိုအန္တရာယ်များတဲ့နေရာဒေတစ်ခုကို ရောက်လာခဲ့ပါတယ်။ဘဝတစ်လျှောက်လုံးမှန်မှန်ကန်ကန်နေထိုင်ခဲ့တဲ့ ဖာသာတစ်ယောက် ရောက်ရောက်ချင်းချင်း ဓားပြတိုက်ခံရပြီးတော့ ပြည့်တန်ဆာတွေနေထိုင်တဲ့နေရာမှာ ခဏတာအကူအညီယူပြီးနေထိုင်ဖို့ဖြစ်လာပါတယ်။ဒီဇာတ်လမ်းထဲမှာ ဘာသာရေးကင်းမဲ့ပြီး ပြစ်မှုတွေပြည့်နှက်နေတဲ့နေရာကို ဖာသာတစ်ယောက်ဘယ်လိုကြိုးစားရုန်းကန်ပြီးပြန်လည်တည်ဆောက်သွားမလဲဆိုတာကိုကြည့်ရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။