La Ciénaga HD

La Ciénaga

Drama HD 2001-04-12 6.8 103 Min

ဒီတစ်ခေါက်မှာတော့ IMDB 7.1 ရရှိထားပြီး အာဂျင်တီးနားရုပ်ရှင်ဝေဖန်ရေးအသင်း ဆုပေးပွဲမှာ ဆုပေါင်း ၁၆ဆုနဲ့ စကာတင် ၈ ခုဝင်ခဲ့တဲ့ စပိန်စကားပြော အာဂျင်တီးနား Drama ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ပူလောင်အိုက်စပ်တဲ့ နွေရာသီရဲ့ အပူကို ခံစားနေရတဲ့ မိသားစုနှစ်ခု..မယ်ချာနဲ့ တာလီတို့က ဝမ်းကွဲညီအစ်မတွေဖြစ်ပြီး မယ်ချာ့ရဲ့ အိမ်မှာ ရေကူးကန်ရှိတာမို့ တာလီ့ရဲ့သားသမီးတွေက နွေကျောင်းပိတ်ရက်မှာ မယ်ချာတို့အိမ်ကို ရေဆော့ကစားဖို့ လာရောက်ခဲ့ကြပါတယ်။ဒီလိုနဲ့ နှစ်မိသားစုနှစ်ခုရဲ့ ဆယ်ကျော်သက်ကလေးတွေအကြား၊ မယ်ချာနဲ့ တာလီကြား ၊ မယ်ချာတို့အိမ်က အိမ်ဖော်မလေးနဲ့ မယ်ချာ့သမီးငယ်လေးရဲ့အကြား၊ မယ်ချာတို့ လင်မယားနဲ့တာလီတို့လင်မယားအကြား အရှုပ်တော်ပုံတွေက ဘယ်လိုတွေပေါ်ပေါက်လာမလဲဆိုတာကိုတော့..ဘာအကြောင်းကြောင့် ဆုပေါင်း ၁၆ ဆု ရရှိခဲ့လဲဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ရှုစားအကဲဖြတ်ကြည့်လိုက်ကြပါဦးနော်။