ဒီဇာတ်ကားလေးက ခရစ္စမတ်ကာလကို အခြေခံထားတဲ့ မိသားစုဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။ IMDb 5.6,RT 95%ရထားပြီးမိသားစုတွေကြားမှာ ဖြစ်တတ်တဲ့ ပဋိပက္ခတွေ၊ နားလည်မှုလွဲတဲ့ပြဿနာတွေကို ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ လူစီဟာမိသားစုနဲ့ အစေးသိပ်မကပ်တဲ့ သမီးလတ်တစ်ဦးပါ။ ခရစ္စမတ်အချိန် ရောက်လာတော့ မိသားစုနဲ့အတူ ပိတ်ရက်ကိုဖြတ်သန်းဖို့အိမ်ပြန်လာရင်း ခရစ္စမတ်မတိုင်ခင်မှာပဲ အမေနဲ့စကားများခဲ့ကြပါတယ်။ နောက်တစ်နေ့မှာတော့ အမေဖြစ်သူ အိမ်ပေါ်က ဆင်းသွားတဲ့အတွက် ညီအစ်မသုံးယောက်နဲ့ အရင်ယောကျ်ားဟောင်းသူတို့အဖေပါ ပေါင်းပြီး အမေဖြစ်တဲ့ ကာရိုးလ်ကို လိုက်ရှာရင်းမိသားစုတွေကြားကမကျေလည်မှု၊ ပြဿနာတွေကို တစ်ခုချင်းပြေလည်အောင် ညှိယူသွားပုံ၊ ဖြေရှင်းသွားပုံတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။