ဉာဏ်များပြီး ရက်စက်တဲ့မူးယစ်ရာဇာကြီးနဲ့ အထူးသူလျှိုအဖွဲ့လေးတို့ကြားကဗျူဟာချင်းပြိုင်ကြတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။အစိုးရအကြီးပိုင်းတွေကိုထိန်းချုပ်ထားပြီး ထင်ရာစိုင်းနေတဲ့မူးယစ်ရာဇာကြီးကိုမြေအောက်သမ္မလို့တောင်ခေါ်ကြပါတယ်။ သူ့ရဲ့အာဏာကြီးတာကြောင့်သူကျူးလွန်ခဲ့တဲ့ရာချီတဲ့ပြစ်မှုတွေရှိပေမယ့် ရဲဘက်ကဘာမှမလုပ်နိုင်ခဲ့ပါဘူး။တစ်နေ့မှာတော့ မူးယစ်ဆေးဖော်စပ်သူတစ်ယောက်ဟာ တရားရုံးမှာသက်သေအဖြစ်ထွက်ဆိုဖို့သဘောတူလာတဲ့အတွက်မူးယစ်ရာဇာကိုဖြုတ်ချဖို့အခွင့်အရေးရလာပါတယ်။ ဒါပေမယ့်လဲသက်သေကို တရားရုံးပေါ်မရောက်နိုင်အောင် အမျိုးမျိုးလုပ်ကြံခဲ့တဲ့အတွက်သက်သေရော စခန်းမှူးတစ်ယောက်ပါသေဆုံးသွားခဲ့တယ်။သူတို့ကိုစောင့်ရှောက်ပြီးပို့ရတဲ့အဖွဲ့ဟာ ဒီအမှုရဲ့တရားခံအဖြစ်တရားစွဲခံရပြီးထောင်ကျသွားခဲ့ပါတယ်။ ဒီအဖွဲ့လေးကိုသေဒဏ်ချမှတ်ခံရတဲ့အခါဒီလိုပဲ လည်စင်းပြီးခံကြရတော့မှာလား……မခံချင်စိတ်တွေနဲ့ ထောင်ကထွက်ပြေးလာပြီးဒီအမှုနောက်ဆက်လိုက်တော့ မထင်ထားတဲ့အဖြေတွေကိုရှာတွေ့သွားကြတဲ့အခါ……